loading...

loading...

loading...

ဒီနေ့ကစပြီး ရပ်ဆိုင်းလိုက်တာပါ။
Mi Thawdar Aung

မြန်မာနိုင်ငံမှာ COVID-19 Positive လူနာ (၂) ဦးစတင်တွေ့ရှိပြီးတဲ့နောက် ပညာရေးဝန်ကြီးဌာန လက်အောက်က တက္ကသိုလ်စာမေးပွဲတွေအားလုံးကို အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သိရပါတယ်။

စာမေးပွဲတွေကို ဒီနေ့ မတ်လ ၂၄ ရက်ကစတင်ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ရောဂါအခြေအနေ ပြန်လည် စိတ်ချရတဲ့အခြေအနေရောက်မှ အစားဖြေဆိုခွင့်ပေးတော့မှာဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက Duwun ကိုပြောပါတယ်။

“ ဒီနေ့မနက်က စပြီးရွှေ့ဆိုင်းလိုက်တယ်။ Paper ၆ ခုရှိတော့ အခုက ဖြေဆိုဖို့ (၂) ဘာသာပဲ ကျန်တော့တာ။ အဲဒါတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက safe ဖြစ်တယ်လို့ ကြေညာတဲ့အချိန်ရောက်မှ အစားပြန်ဖြေခွင့်ပေးမယ်။ ” လို့ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်တုန်းကလည်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကြောင့် တက္ကသိုလ်ကျောင်းအများစုမှာ ကျောင်းသားသမဂ္ဂတွေက စာမေးပွဲတွေကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ရာမှာ မူလအစီအစဉ်အတိုင်းစာမေးပွဲတွေ ကျင်းပခဲ့သလို စိုးရိမ်တဲ့ကျောင်းသားတွေအတွက်ကတော့ ဇွန်လဆန်းမှာ အစားထိုး စာမေးပွဲဖြေဆိုရမယ်လို့ ကြေညာခဲ့ပါတယ်။

မတ်လ ၂၃ ရက်ည ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမေရိကန်နိုင်ငံကပြန်လာတဲ့ ချင်းပြည်နယ် တီးတိန်မြို့က အသက် (၃၆) နှစ်အရွယ် မြန်မာနိုင်ငံသားနဲ့ အင်္ဂလန်နိုင်ငံက ပြန်လာတဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား စုစုပေါင်း (၂) ဦးမှာ  COVID-19 Positive လူနာ (၂) ဦးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပြီး တဲ့နောက် တက္ကသိုလ်စာမေးပွဲအားလုံးကို အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းပေးလိုက်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က