loading...

loading...

loading...

အဆိုပါလူနာဟာ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံကတဆင့် လေကြောင်းနဲ့ မတ်လ ၂၁ ရက်နေ့က ရောက်ရှိလာတာဖြစ်ပါတယ်။
Kyaw Ko Ko

COVID-19 ရောဂါကူးစက်မှုရှိသူ နှစ်ဦးရှိကြောင်း ကြေညာပြီး တစ်ရက်အကြာမှာ နောက်ထပ်ရောဂါကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရောဂါပိုးတွေ့ရှိသူကို ပထမဆုံးကြေငြာပြီး တစ်ရက်အကြာ မတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီမှာ ထပ်မံကြေငြာခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံတွင်း ရောဂါတွေ့ရှိလူနာ စုစုပေါင်း သုံးဦးရှိသွားပြီဖြစ်ပါတယ်။

အဆိုပါလူနာဟာ  အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံကတဆင့်လေကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းကို မတ်လ ၂၁ ရက်နေ့က ရောက်ရှိလာတာဖြစ်ပါတယ်။ အခုချိန်မှာ အဆိုပါလူနာကို အင်းစိန် ပြည်သူ့ဆေးရုံမှာ ထားရှိကုသလျက်ရှိတယ်လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတွင်းမှာ ပထမဆုံး COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူနှစ်ဦးတွေ့ရှိကြောင်း မတ်လ ၂၃ ရက်နေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး ရန်ကုန်နဲ့ တီးတိန်မှာ တွေ့ရတာဖြစ်ပါတယ်။

မတ်လ ၁၃ ရက်နေ့ ညနေပိုင်းအထိ COVID-19 ရောဂါပိုးမတွေ့ရှိပေမဲ့ တခြားရောဂါတွေနဲ့ သေဆုံးသူ ၁၃ ဦးရှိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ မြန်မာလုပ်သားထောင်နဲ့ချီဝင်ရောက်လာနေကြပြီး မတ်လ(၂၁)ရက်နေ့တစ်ရက်တည်းမှာပဲ ဝင်ရောက်လာသူ (၆၀၀၀)ကျော်ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာရှ၊ ဥရောပနဲ့ အနောက်နိုင်ငံတွေက ပြန်လာသူတွေလည်း မတ်လအတွင်းမှာ အများအပြား ရှိခဲ့ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ နေအိမ်အသွားအလာကန့်သတ်စောင့်ကြည့်သူ ၈၅၂၈ ဦး၊ အခြားတိုင်းနဲ့ပြည်နယ်မှာ ၁၇၁၉ ဦးရှိပြီး အဆက်အသွယ်မရသူတွေ၊ လိပ်စာ အတိအကျမပေးသူတွေ ရှိနေတယ်လို့လကျန်းမာရေးဦးစီးဌာနက ပြေထားပါတယ် “အခုအိမ်မှာထားရတာကို စိတ်မချရတော့လို့ Hotel Quarantine ကိုပဲ နိုင်နိုင်နင်းနင်းထားတော့မယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။


loading...

က္က