လူနာကိုကုသခဲတဲ့ ICU အခန်းရဲ့ လိုအပ်နေမှုတွေကိုလည်း ထောက်ပြခဲ့ပါတယ်။

ပေါက်ခေါင်းမြို့နယ်က COVID-19 လူနာကို ကုသခဲ့ရင်း ရောဂါကူးစက်ခံခဲ့ရတဲ့ မေ့ဆေးဆရာဝန်မကြီး က သူ့အနေနဲ့ ဒီလူနာကို ကုသခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ဆေးရုံတွေမှာ လိုအပ်နေတဲ့ အပိုင်းတွေကို ဒီကနေ့ ဧပြီလ ၂၈ ရက်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို

ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုကတဆင့်တင်ပြခဲ့ပါတယ်။

ပေါက်ခေါင်းမြို့နယ်က လူနာဟာ COVID-19 ဖြစ်ပွားမှုမှာ ဆိုးရွားတဲ့ လူနာအမျိုးအစားမှာပါဝင်နေပြီး ဒီလူနာဟာ ၄၈ နာရီအတွင်း ICU ထဲကို ရောက်လာမယ်လို့ ခန့်မှန်းထားတာကြောင့် သူ့အနေနဲ့ ကြိုတင်ပြင်ဆင်နေခဲ့တယ်လို့ ပြောပါတယ်။



ဒါ့အပြင် ပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာလည်း မေ့ဆေး ပေးတဲ့ ဆရာဝန် ၂ ယောက်နဲ့ပဲ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက လည်ပတ်ခဲ့ရပြီး ICU အခန်းကို ပြည့်စုံလုံလောက်အောင် မလုပ်ထားတဲ့အခါ တကယ်လူနာကို ကုသပေးတဲ့အခါမှာ နဖူးတွေ့ ဒူးတွေ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်က ပြန်လည်ပြောပြခဲ့ပါတယ်။

“ Ventilator (အသက်ရှုစက်) ၄ လုံးကိုတော့ ကျွန်မလွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ပြင်ဆင်ခဲ့တယ်။ အိုင်စီယူကေ့စ် တော်တော်များများကို ကျွန်မဆောင်ရွက်ပေးခဲ့ပါတယ်။ အခု ကိုဗစ်ဖြစ်လာတဲ့အချိန်မှာ ကိုဗစ် အိုင်စီယူဆိုပြီး လုပ်ဖို့ အခန်းကတော့ ဖေဖော်ဝါရီလပိုင်းကတည်းက ပြင်ဆင်ဖို့ အုပ်ချုပ်ရေးပိုင်းကိုမေးပါတယ်။ အဲဒီကနေစတဲ့ စီမံခန့်ခွဲမှုဟာ အခုလူနာ မဝင်ခင်ညမှာပဲ အိုင်စီယူအခန်းက အကြမ်းထည်ပြီးသွားတာဖြစ်ပါတယ်။ အကုန်လုံးတက်သုတ်ရိုက်ပြီး လုပ်ခဲ့ရတယ် “ လို့ ဒေါ်မြင့်မြင့်စိန်က ပြန်လည်ပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ ကိုဗစ်လူနာလာတဲ့အချိန်မှာ အသက်ရှုစက်၊မော်နီတာတွေကို ပြင်ဆင်ထားပေမယ့် အိုင်စီယူရဲ့ လက္ခဏာနဲ့ ပြည့်စုံတဲ့အကျယ်အဝန်း၊အလင်းရောင်၊အဲကွန်း၊ လိုအပ်တဲ့နေရာထိုင်ခင်းတွေက ပြည့်စုံအောင် မလုပ်နိုင်တဲ့အခါမှာ တကယ့်လက်တွေမှာ ကြီးစွာသော အခက်အခဲကို ရရှိခဲ့တယ်လို့ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က ဆိုပါတယ်။ 

ဒါ့အပြင် ICU အခန်းမှာ အသုံးပြုဖို့ PPE ဝတ်စုံ အလုံအလောက်မရှိတာ၊ N95 Mask တွေအလုံအလောက်မရှိတာအပြင် စနစ်တကျ ဘယ်လိုတပ်ဆင်တာ၊ ဘယ်လိုဖြုတ်ရတာတွေ ဒါတွေကိုလည်း ကောင်းကောင်းလေ့ကျင့်ခွင့်မရခဲ့ဘူးလို့ ဆရာမကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

လူနာဟာ ရောဂါဆိုးရွားတဲ့အချိန်မှာ အသက်ရှုပိုက်ကို ထည့်နိုင်ဖို့ ကြိုးစားကြတဲ့အချိန်မှာ Video Laryngoscope မရှိတဲ့အတွက်ကြောင့် လုံးဝမမြင်ရတဲ့အတွက် ရှေ့မှာကာထားတဲ့ အကာကို ဖယ်ပြီး ပိုက်ထည့်ရာကနေ ရောဂါပိုးကူးစက်ခံခဲ့ရတာလို့ သူကူးစက်ခံရတဲ့အပိုင်းကို ပြောပြခဲ့ပါတယ်။ အခုလို ကိုဗစ်ကာလမှာ မြို့နယ်ဆေးရုံတွေမှာ ပစ္စည်းအင်အားမလုံလောက်တဲ့အခက်အခဲကြောင့် သူ့လိုထပ်ပြီးဖြစ်မှာကို စိုးရိမ်မိကြောင်းကိုလည်း ပြောခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က တစ်တိုင်းပြည်လုံးမှာ နယ်ဆေးရုံတွေအနေနဲ့ ဆေးရုံအဆင့်အတန်းမြှင့်ဖို့ လိုအပ်နေသလို၊ ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးမှုတွေ လုပ်ဖို့ လိုအပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်လက်ရှိမှာ ကျန်းမာရေးမလုံလောက်မှုတွေနဲ့ ပတ်သက်ပြီး ဒီနိုင်ငံမှာ ဆရာဝန်တွေကို မွေးထုတ်ပေးလိုက်တဲ့အခါမှာ ဆရာဝန်တွေအနေနဲ့ တတ်နိုင်သမျှ ပညာတွေကို အနည်းအကျဉ်းပြန်သုံးစေလိုပြီး နိုင်ငံကို ကျေးဇူးဆပ်စေလိုကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က