ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာပါက အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။
Ei Ei Htun

Covid 19 ရောဂါနဲ့ ပတ်သက်ပြီး ဥပဒေအရ အရေးယူမှုတွေလုပ်ဆောင်တော့မည်အကြောင်းကိုအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညနေပိုင်းက သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ အသိပေးခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ ညမှာ အမိန့်အမှတ် (၃၇/၂၀၂၀)ကို ထုတ်ပြန်ခဲ့ပါတယ်။ 

ယခုထုတ်ပြန်ခဲ့တဲ့ အမိန့်ဟာ Covid 19 ရောဂါနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေနဲ့ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမှုတွေလုပ်ဆောင်သွားမယ့် အကြောင်းတွေပါဝင်ပါတယ်။ အမိန့်ကြေညာချက်တွေအနေနဲ့ ဖော်ပြပါ ကိစ္စရပ်များမှအပ လူ(၅)ဦးဖြစ်စေ (၅)ဦးထက်ပိုသောဖြစ်စေ စုဝေးခြင်းမပြုရဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်နေသူတွေ၊ ကုမ္ပဏီ စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင် သွားရောက်ခြင်း/ ပြန်ခြင်း၊ ခွင့်ပြုချက်ရရှိထားတဲ့ ကုန်တိုက်တွေ၊ ဈေးတွေမှာ ဈေးရောင်းဝယ်ခွင့်ပြုခြင်း၊ ခွင့်ပြုချက်ရရရှိထားတဲ့ သယ်ယူပို့ဆောင်ရေးတွေ၊ တရားစီရင်ရင်ရေးဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်နဲ့အညီ Covid ကာကွယ်ရေးဆောင်ရွက်ခြင်းတွေနဲ့ နာရေးကိစ္စ၊ ကျန်းမာရေးကိစ္စနဲ့ အရေးပေါ်ကိစ္စနဲ့ အရေးပေါ်ဆောင်ရွက်ခြင်းတို့ကလွဲပြီး လူ(၅)ဦးအထက် စုဝေးခြင်းကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ 

Covid 19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်များကို လိုက်နာမှုတွေမရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကူးစက်ရောဂါများနှိမ်နင်းရေး ဥပဒေပုဒ်မ (၂၁) ပုဒ်မခွဲ(ခ) နဲ့ လုပ်ပိုင်ခွင့်တွေကျင်းသုံးပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က