နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကအသိပေးပြောကြားခဲ့တာပါ။
Ei Ei Htun

Covid 19ရောဂါနဲ့ ပတ်သက်ပြီး ဥပဒေအရ အရေးယူမှုတွေစတင်တော့မှာဖြစ်ပြီး ဥပဒေအရ မလိုက်နာသူတွေကို ဘယ်လိုအရေးမယ်ဆိုတာတွေကို ဒီကနေ့ ဧပြီလ(၁၆)ရက်နေ့ညမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Facebook အကောင့်ကနေ ဒီနေ့ ညနေပိုင်းက အသိပေးပြောကြားခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ Covid 19 ရောဂါကူးစက်ခံရသူ (၈၅)ဦးထိရှိနေပြီဖြစ်လို့ ကာကယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ လိုအပ်ချက်တွေပိုမိုထင်ရှားလာသလို အရေးကြီးဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသိပညာတွေသိရှိစေနိုင်ဖို့ သက်ဆိုင်ရာရပ်ကွက်အလိုက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို တစ်နေ့ (၅)ကြိမ် လှည့်လည်အော်မှညဖြစ်ပြီး လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း အသိပေးပြောကြားထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က Quarantine ဝင်ရမှာကို စိုးရိမ်ကြောက်လန့်နေတဲ့ပြည်သူတွေအတွက်ကိုလည်း

“ Quarantine ထားတာက အခြားသူတွေ (ကိုယ့်ရဲ့မိသားစုအပါအဝင်) ကို မကူးအောင်နဲ့ ကိုယ့်မှာ ရောဂါလက္ခဏာတွေ့တာနဲ့ ကုသပေးဖို့ပါ။ Quarantine ကနေထွက်ပြေးပြီးနောက် ရောဂါက ကပ်ပါလာရင် နောက်ဆက်တွဲမှာ ဘယ်လောက်ထိဆိုးရွားလာမလဲဆိုတာ စဉ်းစားဖိ့ု့လိုတယ်” လို့ လည်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ပြည်သူတွေအတွက် အရေးကြီးဆုံးအင်အားဖြစ်တဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ Quarantine Volunteer များရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အသိမှတ်ပြုတာတွေ၊ ပံပိုးကူညီတာတွေကိုလည်း ရက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က