သူတို့တွေကတစ်ဆင့် ထပ်မံကူးစက်ပြန့်ပွားခြင်းမရှိအောင်အသွားအလာကန့်သတ်စောင့်ကြပ်နေပါတယ်
Mi Thawdar Aung

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးနဲ့ ထိတွေ့ခဲ့သူ အယောက် ၄၇၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

အဲဒီ လူအယောက် (၄၇၀)ကျော်မှာ ရောဂါကူးစက်ခံထားရခြင်းရှိ၊မရှိစစ်ဆေးနေပြီး ရှိခဲ့ရင်လည်း သူတို့တွေကတစ်ဆင့် ထပ်မံကူးစက်ပြန့်ပွားခြင်းမရှိအောင် အသွားအလာကန့်သတ်စောင့်ကြပ်နေတယ်လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။



ဒီကနေ့ မတ်လ ၂၉ ရက်ကကျင်းပပြုလုပ်တဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 positive လူနာ (၁၀) ဦးရှိပြီး ချင်းပြည်နယ်တီးတိန်မြို့ ပြည်သူ့ဆေးရုံက လူနာ (၁) ဦး၊ ရန်ကုန်မြို့ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူနေတဲ့ လူနာ (၃) ဦး၊ မန္တလေး ကန်တော်နဒီဆေးရုံက လူနာ (၁) ဦးနဲ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီးက လူနာ ၁ ဦး၊

မင်္ဂလာဒုံမြို့နယ်က ထိုင်းက ပြန်လာသူ အသက် ၄၄ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်က အသက် ၆၉ နှစ်အရွယ် အမျိုးသားနဲ့ အနီးကပ်ထိတွေ့ခဲ့သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။

အဆိုပါ လူနာ (၁၀) ဦးရှိတဲ့အနက် ဝေဘာဂီအထူးကုဆေးရုံကြီးက အထူးကြပ်မတ်ခန်းမှာ သီးခြားကုသပေးနေတဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်က အသက် ၆၉ နှစ်အရွယ် နှာခေါင်းကင်ဆာဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးနဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အသက် ၆၀ အရွယ် အမျိုးသမီးတို့ ဖြစ်ပြီး ကျန်းမာရေးအခြေအနေမကောင်းဘူးလို့သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံကနေ ပြည်တွင်းကို ပြန်လည်ရောက်ရှိလာကြသူတွေကို အသွားအလာကန့်သတ်ထားရှိတဲ့ မြို့နယ်အလိုက်စာရင်းနဲ့ မြေပုံတွေ ရေးဆွဲဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးကပြောကြားထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိသူတွေ များပြားနေတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်း တို့မှာလည်း ဗဟိုအဆင့်တာဝန်ရှိသူတွေကို လုပ်ငန်းအားဖြည့်စေလွှတ်ထားရှိထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က