ရန်ကုန်က မြို့နယ် (၂၇)မြို့နယ်မှာ ကူးစက်ခံရသူ ၁၂၁ဦးအထိရှိနေပါတယ်။

COVID-19 ရောဂါ ကာကွယ်ရေး၊ထိန်းချုပ်ရေး စတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းကို အထူးဦးစားပေးဧရိယာဖြစ် ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်ခံရသူပေါင်း ၁၅၅ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးက ပိုးတွေ့ရှိသူအများဆုံးဖြစ်နေတာကြောင့် ရန်ကုန်တိုင်းကို COVID-19 အထူးဦးစားပေးဧရိယာအဖြစ် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။



"ရန်ကုန်မှာညွှန်ကြားရေးမှူးချုပ် က ကိုယ်တိုင် ဆင်းပြီးလုပ်နေတယ်။ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေလည်း လုပ်နေတယ်။အထူးဦးစားပေးဧရိယာအဖြစ်ဆောင်ရွက်နေတယ်။တိုင်းကျန်းမာရေးဦးစီးဌာနပါတယ် ။ဒီလို Team အကြီးကြီးနဲ့ လုပ်နေတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး အလှူရှင်တွေရဲ့ပံ့ပိုးမှုနဲ့ အထူးဦးစားပေးလုပ်နေတာဖြစ်တယ်။MOHS မှာလည်းထုတ်ပြန်မယ်။"လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ပြောဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး ကပြောပါတယ်။ 

လက်ရှိရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၂၇ မြို့နယ်မှာ လူဦးရေ ၁၂၁ ဦးCOVID-19 ရောဂါပိုးကူးစက်ခံထားရပြီး အင်းစိန်မြို့နယ်က ကူးစက်ခံထားရမှုအများဆုံးဖြစ်နေပါတယ်။ ရန်ကုန်မှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရတဲ့ မြို့နယ် ၂၇ မြို့နယ်ထဲက ဗိုလ်တစ်ထောင်မြို့နယ် ၊ အင်းစိန်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊မင်္ဂလာဒုံမြို့နယ်၊ တာမွေမြို့နယ် ၊ မရမ်းကုန်းမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ လှည်းကူးမြို့နယ် ၊ရွှေပြည်သာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ် ၊ ပုဇွန်တောင်မြို့နယ် ၊ တောင်ဒဂုံမြို့နယ် အပါအဝင် ၁၀ မြို့နယ်ကို Semi Lock down ပြုလုပ်ထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က