loading...

loading...

loading...

ဓာတ်ခွဲအဖြေအရ ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။
Mi Thawdar Aung

မန္တလေးကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်ကုသရင်းသေဆုံးသွားတဲ့အမျိုးသမီးမှာ ရောဂါပိုးမရှိကြောင်း မတ်လ ၆ ရက် ည ၉ နာရီ ၁၅ မှာ သတင်းထုတ်ပြန်ထားခဲ့ပြီးနောက် ဒီနေ့ မတ်လ ၇ ရက် ညနေ ၄ နာရီခွဲ ရပ်စောက်မြို့နဲ့ စစ်တွေမြို့က သေဆုံးလူနာတွေမှာလည်း ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သေဆုံးသွားသူတွေမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသခဲ့တဲ့ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့က အသက် (၃၄) နှစ်အရွယ် အမျိုးသား၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ကုသခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် (၄၀) အရွယ် အမျိုးသားနဲ့ မန္တလေးတိုင်း ကန်တော်နဒီဆေးရုံမှာ ကုသခဲ့တဲ့ အသက် (၆၈) နှစ်အရွယ်အမျိုးသမီးတို့ ဖြစ်ပြီး သံသယလက္ခဏာအပြင် အခြားရောဂါတွေ ပါ ခံစားနေခဲ့ရတာဖြစ်ပါတယ်။

မနေ့က မတ်လ ၆ ရက်နေ့က အဆိုပါ လူနာ ၃ ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကို Duwun က ရေးသားဖော်ပြခဲ့ပြီး အခုနောက်ဆက်တွဲသတင်းအနေနဲ့ ၃ ဦးစလုံး ရောဂါပိုးမတွေ့ရှိဘူးလို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရေးသားဖော်ပြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် ရပ်စောက်မြို့က အမျိုးသားမှာ ဖေဖော်ဝါရီ (၂၃) ရက်စပြီးဖျားနာ၊မောပန်းခြင်းနဲ့ ချောင်းဆိုးသွေးပါလက္ခဏာတွေဖြစ်ခဲ့တာကြောင့် စစ်ဆေးခဲ့ရာ လူနာမှာ COVID-19 ရောဂါကူးစက်နေတဲ့နိုင်ငံတွေကို ခရီးသွားရာဇဝင်မရှိခဲ့ပေမယ့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် စောင့်ကြည့်လူနာအဖြစ် ကုသပေးခဲ့ရာမှာ အခြေအနေပိုမိုဆိုးရွားခဲ့တာကြောင့် ဒီနေ့ မတ်လ ၆ ရက် ညနေပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် (၄၀) အရွယ် အမျိုးသားကတော့ မတ်လ (၅) ရက်က တရုတ်ပြည် ရွှေလီမြို့ကနေ မန္တလေးမြို့ကို သွားစဉ် လမ်းမှာတင် အသက်ရှုကြပ်မောလာတာကြောင့် လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

လူနာမှာ ဆီးချိုရောဂါခံစားနေရပြီး ဖျားနာချောင်းဆိုးခြင်း ဝေဒနာတွေကို လွန်ခဲ့တဲ့ (၁) လခွဲလောက်ကတည်းက ခံစားခဲ့ရာမှာ ရောဂါပိုမိုဆိုးရွားလာတာကြောင့် မတ်လ (၅) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၅ ရက်နေ့က ပဲ မန္တလေးကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အဲဒီအမျိုးသမီးဟာ အသက် (၆၈) နှစ်အရွယ်ရှိကာနှလုံးရောဂါနဲ့ ဆီးချိုရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့အားကစားဝန်ကြီးဌာနရဲ့ မေလ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် ဝေဘာဂီအထူးကုဆေးရုံမှာ အသွားအလာကန့်သတ်ထားပြီး ရောဂါဖြစ်ပွားမှုရှိ၊မရှိ စောင့်ကြည့်ကုသနေခဲ့တဲ့ ကိုးရီးယားနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်တဲ့ ဒယ်ဂူးမြို့ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ မြန်မာနိုင်ငံသား ကျောင်းသူ (၁၀) ဦးမှာ COVID-19 ရောဂါ မတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှာ စောင့်ကြပ်ကြည့်ရှုကုသနေတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က အသက် (၁၄) နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ရောဂါပိုး မတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။

ဆက်လက်ပြီး ဓာတ်ခွဲသတင်းအဖြေတွေ ထပ်မံ ရရှိပါကလည်း အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က