loading...

loading...

loading...

လူနာ (၃) ဦးအနက် (၂) ဦးမှာတရုတ်လူမျိုးဖြစ်ပါတယ်။
Mi Thawdar Aung

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်က ပြန်ရောက်လာတဲ့ တရုတ်နိုင်ငံသား (၂) ဦးအပါအဝင် COVID-19 ရောဂါသံသယလက္ခဏာတွေ့ရှိခဲ့တဲ့ လူနာ (၃) ဦးရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြိးဌာနက ဒီကနေ့ မတ်လ ၃ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒဂုံဆိပ်ကမ်းမြို့နယ်ကစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ (၂၅) နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးနဲ့ (၃၈) နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးတို့မှာ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်ကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးနောက် ဖျားနာခေါင်းကိုက်၊ကိုယ်လက်မအီမသာ ဖြစ်တာ၊ပြင်းထန်စွာ နုံးခွေတာတွေ ခံစားရတာကြောင့် ဝေဘာဂီအထူးကုဆေးရုံကြီး ပြင်ပလူနာဌာနကို လာရောက်ပြသခဲ့ပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအရ သူတို့နှစ်ဦးမှာOVID-19 ရောဂါ သံသယလက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး သီးခြားကုသပေးေနေတယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲနမူနာတွေကိုတော့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) ကိုပေးပို့စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့က အသက် ၂၄ နှစ်အရွယ်အမျိုးသားတစ်ဦးမှာလည်း COVID-19ရောဂါသံသယလက္ခဏာ တွေ့ရှိခဲတာကြောင့် မန္တလေးကန်တော်နဒီဆေးရုံမှာ သီးခြားကုသပေးနေတယ်လို့ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအမျိုးသားဟာ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကစတင်ကာဖျားနာချောင်းဆိုးပြီး ရင်ဘတ်အောင့်၊မောပန်းလက္ခဏာတွေခံစားနေရတာကြောင့်မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို မတ်လ ၁ ရက်မှာ တက်ရောက်ကုသခဲ့ရပါတယ်။

စစ်ဆေးချက်အရလွန်ခဲ့တဲ့ (၁၄) ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားနေတဲ့ဒေသတွေကို ခရီးသွားရာဇဝင်မရှိပေမယ့် COVID-19 ရောဂါသံသယလက္ခဏာတွေ့ရှိခဲ့ရတာကြောင့် မတ်လ ၂ ရက်နေ့မှာ ကန်တော်နဒီေဆေးရုံမှာ ကုသပေးနေပြီး လူနာရဲ့ ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကိုပေးပို့စစ်ဆေးထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဂျယ်ခေါင်မြို့မှာ နေထိုင်တဲ့အသက် (၉) နှစ်အရွယ်ကျောင်းသားတစ်ဦးမှာလည်း ဂျယ်ခေါင်မြို့ကနေ မူဆယ်မြို့ကို နေ့စဉ် ကျောင်းတက်ဖို့ လာရောက်စဉ် နယ်စပ်ဂိတ်ပေါက်မှာ အဖျားစစ်ဆေးရာ ဖျားခြင်း၊လည်ချောင်းနာခြင်း ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် မူဆယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ကုသမှုပေးနေပြီး ဓာတ်ခွဲနမူနာကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဒီနေ့ မတ်လ (၃) ရက်နေ့ ညနေ (၆) နာရီအထိတော့ အဲဆိုပါလူနာ (၄) ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ ဆက်လက်စောင့်ကြည့်ကုသပေးနေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ (၂) ရက်က ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့က ပြန်ရောက်လာတဲ့ မြန်မာကျောင်းသူ (၃) ဦးမှာ ရောဂါလက္ခဏာ မတွေ့ရပေမယ့် ရောဂါပျိုးရက်အတွင်း ရောဂါလက္ခဏာပေါ်ပေါက်လာပါက ကုသပေးနိုင်ဖို့ အသွားအလာ တားမြစ်ကန့်သတ်ပြီး ဝေဘာဂီဆေးရုံမှာ ၁၄ ရက်ကြာစောင့်ကြပ်ကြည့်ရှုနေတယ်လို့လည်း သိရပါတယ်။

မတ်လ (၂) ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုဓာတ်ခွဲနမူနာပေးပို့ခဲ့တဲ့ ဝေဘာဂီအထူးကုဆေးရုံမှာ တက်ရောက်နေကြတဲ့ အသက် (၂၉) နှစ်အရွယ် တရုတ်အမျိုးသား၊ အသက် (၃၇) နှစ်အရွယ် နယူးဇီလန်နိုင်ငံသား၊ အသက် (၃၂) နှစ်ရွယ် မြန်မာနိုင်ငံသားနဲ့ စစ်တွေဆေးရုံက အသက် (၂၉) နှစ်အရွယ် မြန်မာနိုငငံသားတစ်ဦးတို့မှာတော့ COVID-19 ရောဂါမရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။



loading...

က္က