loading...

loading...

loading...

မိသားစုအတွက် အမှန်တကယ်လိုအပ်တဲ့ပမာဏပဲ ဝယ်ယူကြဖို့ပဲ တိုက်တွန်း
Mi Thawdar Aung

COVID-19 ရောဂါကြောင့် ရိက္ခာပြတ်မယ့် အလားအလာမရှိဘဲ လူအုပ်ထဲ တိုးဝယ်လို့သာ ရောဂါကူးမယ့်အလားအလာကပိုပြီးများပြားတယ်လို့ ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အစိုးရအနေနဲ့ အများပြည်သူတွေမရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဈေးတွေနဲ့ အရောင်းအဝယ်စင်တာတွေကိုပိတ်သိမ်းဖို့မရှိဘဲ ဈေးဝယ်တဲ့အခါမှာလည်း မိသားစုအတွက် အမှန်တကယ်လိုအပ်တဲ့ပမာဏကိုပဲ ဝယ်ယူကြဖို့ကိုနိုင်ငံတော် အတိုင်ပင်ခံက မေတ္တာရပ်ခံထားပါတယ်။

ဒီကနေ့ မတ်လ ၂၄ ရက် ညနေပိုင်းက COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူလူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်မှုမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ ဈေးသွားတဲ့အခါမှာလည်း မိသားစုလိုက် အစုအဖွဲ့အလိုက် မသွားဘဲ တစ်ဦးတည် းတစ်ယောက်တည်းကပဲ တာဝန်ယူပြီး မိသားစုအတွက် လိုအပ်တဲ့ပမာဏကိုပဲဝယ်ယူကြစေလိုပါတယ်” လို့ အတိုင်ပင်ခံကဆိုပါတယ်။

လက်ရှိမှာ မြန်မာနိိုင်ငံက ပြန်ဝင်ရောက်လာသူတွေအနေနဲ့ ပုန်းကွယ်ရှောင်တိမ်းခြင်းမပြုဘဲ ကိုယ်ပူဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း စတဲ့ COVID-19 ရောဂါ သံသယလက္ခဏာရှိမရှိကို ကျန်းမာရေးဌာနတွေမှာ စစ်ဆေးမှု ခံယူသင့်တယ်လို့လည်းနိုင်ငံတော်အတိုင်ပင်ခံကပြောကြားခဲ့ပါတယ်။

မိမိမှာ ရောဂါလက္ခဏာပေါ်လာပြီလို့ထင်လာတာနဲ့ချက်ချင်း နေ့မရွှေ့ညမရွေ့ အနီးဆုံးကျန်းမာရေးဌာနကို သွားဖို့ိလည်း တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်တီးတိန်မြို့နယ်မှာ COVID-19 Positivie တွေ့ရှိခဲ့လို့ တီးတိန်မြို့နယ်ကပြည်သူတွေ စိုးရိမ်လွန်နေတယ်လို့သိရှိရတယ်လို့ဆိုပါတယ်။

“ ကိုယ့် စိုးရိမ်စိတ်ကြောင့် အများကို ကူးစက်ပျံ့နှံတာမျိုးမဖြစ်ပါစေနဲ့။ ရောဂါလက္ခဏာ ခံစားရရင် ကိုယ့်ရပ်ရွာကျန်းမာရေးဌာနတွေမှာ သွားရောက်အစစ်ခံပါ”လို့လည်း နိုင်ငံတော်အတိုင်ပင်ခံကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် COVID-19 နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကိုမယုံဖို့၊ အကြောက်လွန်ပြီး ရိက္ခာတွေစုဆောင်းခြင်း၊ ရောဂါလက္ခဏာဖုံးကွယ်ခြင်းတွေကို ရှောင်ကြည်ဖို့လည်း တိုက်တွန်းထားပါတယ်။


loading...

က္က