loading...

loading...

loading...

ဆန်အပါအဝင် အရန်စားသောက်ကုန်အများစုက ပိုလျှံလျှက်ရှိတယ်လို့သိရပါတယ်။
Ei Ei Htun

Covid 19ကြောင့် မြန်မာနိုင်ငံမှာ စားသောက်ကုန်တွေအလုအယက်ဝယ်ယူနေကြတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ စားသောက်ကုန်အလုံအလာက်ရှိတဲ့နိုင်ငံဖြစ်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ 

လက်ရှိနိုင်ငံအသီးသီးမှာဖြစ်ပွားနေတဲ့ Covid 19ရောဂါကြောင့် မြန်မာနိုင်ငံကပြည်သူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စိုးရိမ်မှုကြီးစွာနဲ့ ဆိုင်တွေမှာ စားသောက်ကုန်တွေပြတ်လပ်ခဲ့တဲ့အထိ အလုအယက်ဝယ်ယူခဲ့ကြပါတယ်။

မြန်မာနိုင်ငံက စားသောက်ကုန်တော်တော်များများကိုတောင်ပြည်ပနိုင်ငံကို တင်ပို့နေရတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြည်တွင်းမှာစားနပ်ရိက္ခာပြတ်လပ်မှာကို မစိုးရိမ်ကြဖို့ UMFCCI မှဒုတိယဥက္ကဌ ဦးမောင်မောင်လေးက Duwun ကိုပြောပါတယ်။

“ မြန်မာနိုင်ငံက ဆန်ကော၊ အရန်စားသောက်ကုန်တော်တော်များများရှိတဲ့အတွက် Export တောင်လုပ်နေရတာပါ။ Export လုပ်နေရတယ်ဆိုတော့ လုံလုံလောက်လောက်ရှိတယ်ဆိုတဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။အခုလို ကုန်ပစ္စည်းတွေကို အလုအယက်ဝယ်ယူကြတာတွေကြောင့် တခြားနိုင်ငံတွေမှာလည်း ကုန်ပစ္စည်းတွေဈေးတင်ရောင်းတာတွေရှိတယ်။ အခွင့်ကောင်းယူပြီးတော့ပေါ့နော်။ ဒါလေးတွေကို ကိုယ်စီကိုယ်စီနားလည်မှုနဲ့ အမြတ်မထုတ်ကြပါနဲ့။နိုင်ငံတော်ကလည်း ထိန်းကျောင်းပေးဖို့အထိုက်အလျှောက်လိုအပ်ပါတယ်" လို့ ဦးမောင်မောင်လေးကပြောပါတယ်။ 

Covid 19ရောဂါကူးစက်ပျံ့နှံ့မှု များပြားနေတဲ့ နိုင်ငံတွေမှာလည်း အိမ်သုံးပစ္စည်းနဲ့ စားနပ်ရိက္ခာ‌တွေကိုအလုအယက်ဝယ်ယူစုစောင်းနေကြတာတွေလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ရောဂါဖြစ်ပွားသူတစ်ဦးတစ်ယောက်မှမရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပေမယ့်လည်း ပြည်သူတွေအနေနဲ့ ကုန်ပစ္စည်းတွေကို အလုအယက် ဝယ်ယူလာကြတာတွေရှိပါတယ်။ မြန်မာနိုင်ငံဟာ အဓိက စားနပ်ရိက္ခာထုတ်လုပ်တဲ့ နိုင်ငံဖြစ်လို့ စားသောက်ကုန်ပြတ်လပ်မှာမစိုးရိမ်ရဘူးလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့နိုင်ငံက ဆန်အပါအဝင် ရေထွက်ပစ္စည်းတွေဆိုရင်လည်း ပိုလျှံလို့ နိုင်ငံခြားပို့နေရတာ။ နှစ်စဉ်ဒေါ်လာ သန်းရာနဲ့ချီပြီးတင်ပို့ရောင်းချနေရတာပါ။ အခုလိုပိုလျှံလို့တောင် ပြည်တွင်းမှာမက ပြည်ပတောင်တင်ပို့ရောင်းချနေရတာ။ မြန်မာနိုင်ငံဟာ အဓိက စားနပ်ရိက္ခာထုတ်လုပ်တဲ့ နိုင်ငံဖြစ်လို့ စားသောက်ကုန်ပြတ်လပ်မှာမစိုးရိမ်ရဘူးလို့ပြောချင်တာပါ”လို့ ဦးခင်မောင်လွင်ကပြောပါတယ်။ 

မြန်မာနိုင်ငံမှာCovid 19 ရောဂါဖြစ်ပွားသူတစ်ဦးတစ်ယောက်မှမရှိသေးလို နိုင်ငံတော်ကလည်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို အစဉ်တစိုက်လုပ်ဆောင်လျှက်ရှိနေပါတယ်။ စားနပ်ရိက္ခာပြတ်လပ်မှဆိုးပြီး ကုန်ပစ္စည်းတွေကို ကြိုတင်စုစောင်းနေကြတဲ့ သူတွေကိုလည်း မြန်မာနိုင်ငံက စားနပ်ရိက္ခာအလုံအလောက်ရှိတဲ့နိုင်ငံဖြစ်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက အသိပေးပြောကြားထားပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


loading...

က္က