စက်သုံးဆီဖိုးတောင်မရရှိကြပါဘူး။
Ei Ei Htun

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ YBS စီးနင်းသူ ခရီးသည်ဦးရေက ယခင်ကထက် (၁၀)သိန်းကျော်လောက်ကျဆင်းသွားကြောင့် YBS ကုမ္ပဏီတွေအနေနဲ့ နေ့စဉ်အရှုံးခံပြီး ပြေးဆွဲနေရတယ်လို့ သိရပါတယ်။ 

ယာဉ်လိုင်းတွေအနေနဲ့ COVID ကာလစကတည်းက အရှုံးခံပေးနေတာဖြစ်ပြီး စက်သုံးဆီဖိုးတောင် မရတဲ့အခြေအနေမှာဖြစ်နေကာ ယခင်ကထက်လည်း ယာဉ်အစီးရေတွေလျော့ပြီး ပြေးဆွဲနေရတယ်လို့ YBS ယာဉ်လိုင်းအများဆုံးတည်ထောင်ထားတဲ့ Power Eleven ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာ ဦးတရုတ်လေးက Duwun ကိုပြောပါတယ်။ 

“ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ဆို အရင်က တစ်နေ့ကို အစီးရေ (၅၀၀၀)လောက်ပြေးဆွဲနေရာကနေ အခုဆို (၁၀၀၀)ကျော်ပဲပြေးဆွဲနိုင်တယ်။ ခုပြေးဆွဲနေတဲ့ ယာဉ်အစီးရေ (၁၀၀၀)ကလည်း အရှုံးခံပြေးဆွဲပေးနေရတာ။ တချို့သွားလာနေတဲ့ ခရီးသည်တွေလည်းရှိတော့ လုံးဝမပြေးဆွဲလို့ကလည်း မရဘူး။ ပြေးဆွဲခကလည်း စက်သုံးဆီဖိုးတောင်မရဘူး”လို့ ဦးတရုတ်လေးကပြောပါတယ်။

လက်ရှိမှာတော့ Power Eleven ကုမ္ပဏီမှရုံးန်ထမ်းတွေကို လစာမဲ့နဲ့ ခွင့်ပေးထားရပြီး မဖြစ်မနေပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းက ယာဉ်မောင်းတွေကိုတော့ နေ့တွက်စရိတ်နဲ့ ရှင်ပေးနေရတယ်လို့ ဆိုပါတယ်။ 

COVID-19 ကာလမှာ YBS ကုမ္ပဏီတွေအနေနဲ့ ဝင်ငွေလုံးဝမရှိတော့ဘဲ စီးနင်းတဲ့ ခရီးသည်နားသွားလို့ ရပ်ထားနေရတဲ့ ကာလတစ်ခုဖြစ်တယ်လို့ ဦးတရုတ်လေးကပြောပါတယ်။ 

အခုလို ကုမ္ပဏီတွေအရှုံးပေါ်နေချိန်မှာ YRTA ဘက်ကလည်း သင်္ကြန်ကာလအတွင်းမှာလည်း ပြေးဆွဲတဲ့ YBS ယာဉ်လိုင်းတွေရဲ့ CNG ဖိုးကို ကျခံပေးခဲ့ပြီး ယခုအခါမှာလည်း CNG ရဲ့ နှုန်းထားကို လျော့ပေါ့ကောက်ခံပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားကာ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က Duwun ကို ပြောကြားထားပါတယ်။ 

 


ဆက်စပ်အကြောင်းအရာများ


က္က