ကျောင်းပေါင်း (၅၆၀၀)ကျော်ထဲကမှ Aအဆင့်ရှိတဲ့ ကျောင်းတွေသာဖွင့်လှစ်ခဲ့တာပါ။

ဒီနေ့ ဇူလိုင်လ (၂၁)ရက်နေ့မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အထက်တန်းအဆင့်ကျောင်းသားတွေ ကျောင်းစတင်တက်ရပြီဖြစ်ပါတယ်။

TTC ကျောင်းရဲ့ စာသင်မှု မြင်ကွင်း



တစ်တစ်နိုင်လုံးအတိုင်းအတာအနေနဲ့ အခြေခံပညာအထက်အဆင့်ကျောင်းပေါင်း (၅၆၀၀)ကျော်ရှိရာမှာတော့ COVID စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး ပြင်ဆင်ထားမှုမှာ Aအဆင့်ရရှိတဲ့ ကျောင်းတွေသာပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့တာပါ။

သတ်မှတ်ချက်မပြည့်တဲ့ ကျောင်းတွေကိုတော့တစ်ပတ်အတွင်းဖွင့်လှစ်ခွင့်ရေအာင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ " ဒီနေ့ကတာ့ A အဆင့်ရှိတဲ့ကျောင်းတွေကိုပဲ ပြန်ဖွင့်ခွင့်ပေးထားတာပါ။ ပြင်ဆင်မှုလိုအပ်ချက်ရှိတဲ့ တခြား B အဆင့်နဲ့ C အဆင့်ရတဲ့ကျောင်းတွေကိုတော့ တစ်ပတ်အတွင်းပြန်ဖွင့်နိုင်အောင် ပြင်ဆင်ခိုင်းထားပါပြီ။အလွန်ဆုံးကြာ တစ်ပတ်ပါပဲ။ ဒီနေ့ဖွင့်လှစ်ခွင့်ရတဲ့ A အဆင့်ကျောင်းတွေကိုလည်း ရုတ်တရက်ဝင်စစ်ဆေးတာတွေလုပ်သွားမှာပါ။ ဘာလို့လဲဆို ပြင်ဆင်ထားတာတစ်မျိုး လိုက်နာဆောင်ရွက်တာကတစ်မျိုး ဖြစ်‌နေမှာစိုးလို့"ဆိုပြီး အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

TTC ကျောင်းတွင်း ကျန်းမာရေး စစ်ဆေးမှု မြင်ကွင်း

ဒီနေ့မှာတော့ အဆင့်-A ရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (၃,၇၇၂) စတင်ဖွင့်လှစ်ခဲ့ပြီး အဆင့်-B ရရှိသည့် (၁,၂၂၀) ကျောင်းနှင့် အဆင့်-C ရရှိသည့် (၈၃၈) ကျောင်းများ (စုစုပေါင်း ၂,၀၅၈ ကျောင်း) ဒုတိယအဆင့် အနေဖြင့် ဖွင့်လှစ်နိုင်ရေးကို ဒီနေ့ကစပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်ခိုင်းထားတယ်လို့သိရပါတယ်။ ကိုဗစ်ကာလအတွင်း ကျောင်းဖွင့်ချိန်ဖြစ်တာကြောင့် ကျောင်းသားတွေကို mask နဲ့ face shields တပ်ဆင်ပြီးမှ ကျောင်းထဲကိုဝင်ရောက်စေပြီး တစ်ဦးနဲ့ တစ်ဦး (၆)ပေအကွာနဲ့ စနစ်တကျတက်ရောက်စေခဲ့တာပါ။

COVID ကာလအတွင်းမှာကျောင်းသားမိဘတွေအနေနဲ့ကလည်း စိုးရိမ်စိတ်တွေရှိနေပေမယ့် သတ်မှတ်စည်းမျဉ်းတွေကို လိုက်နာကာ သားသမီးတွေရဲ့ ပညာရေးအတွက် ရှေ့တန်းတင်အရဲစွန့်ပြီး ကျောင်းတွေကို တက်ရောက်စေခဲ့ကြရပါတယ်။ ကျောင်းတွေမှာတော့ ယခင်နှစ်တွေကလိုပဲ ကျောင်းသားအပ်နှံတက်ရောက်မှုနှုန်းက ကျဆင်းသွားတာမျိုး မရှိပါဘူး။

 


ဆက်စပ်အကြောင်းအရာများ



က္က