ကားနဲ့ အတူအလောင်းတွေကို ဆေးရုံသယ်သွားပါပြီ။

မော်လမြိုင်က ပျောက်ဆုံးနေတဲ့ ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနှစ်ဦးရဲ့ အလောင်းကိုတော့ ဒီကနေ့ ဒီဇင်ဘာလ( ၂၄)ရက်နေ့မှာ ကားနဲ့ အတူပြန်လည်တွေ့ရှိပြီဖြစ်ပါတယ်။

ဒီကနေ့မှာပဲ ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနှစ်ဦးကို အတ္ထရံမြစ်ထဲမှာ ရေငုပ်သမားတွေနဲ့ ရှာဖွေခဲ့ရာမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

photo -Zin Moe

“ ကားက ဒေါက်တာအေးဇော်ထွန်းကားသေချာတယ်။ အလောင်းတွေကကားထဲမှာရှိတယ်။ အခုကျွန်တော်တို့က ကားကို ဒီတိုင်းပဲ ဆေးရုံသယ်သွားမယ်။ ဆေးရုံရောက်မှဖွင့်ကြည့်မယ်” လို့ မော်လမြိုင်လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ကိုဇင်မိုးက Duwun ကိုပြောပါတယ်။ 

photo -Zin Moe

CCTV မှတ်တမ်းတွေအရ ဒေါက်တာအေးဇော်ထွန်းမောင်နှင်သွားတဲ့ ကားဟာ ပျောက်ဆုံးတဲ့နေ့က အိမ်ကိုကျော်ပြီးမောင်နှင်သွားခဲ့ပြီး အတ္ထရံမြစ်ထဲကို ကျသွားနိုင်တဲ့ အခြေအနေရှိတာတာကြောင့် တာဝန်ရှိသူတွေက မြစ်ထဲမှာ ဒီနေ့ ရှာဖွေခဲ့ကြတာပါ။ ဒီနေ့မနက် (၁၁)နာရီလောက်က မြစ်ထဲမှာ ကားကိုတွေ့ရှိခဲ့ပြီး ဆယ်ယူခဲ့ရာမှာ (၁)နာရီဝန်းကျင်လောက်မှာ ကားကို ကမ်းပေါ်တင်နိုင်ခဲ့ပြီး ဆရာဝန်သားအဖစီးလာတဲ့ ကားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။  

ဒေါက်တာအေးဇော်ထွန်းတို့ သားအဖက ဒီဇင်ဘာလ(၅)ရက်နေ့က ညကပျောက်ဆုံးခဲ့တာဖြစ်ပြီး (၁၉)ကြာအကြာမှာ အခုလိုပြန်တွေ့ခဲ့တာပါ။ 



က္က