ဟိုတယ်မှာပဲရှိနေပါတယ်။

ဆေးရုံကဆင်းပြီး Hotel Quarantine ဆက်ဝင်နေတဲ့ ဒေးဗစ်လားဟာ Quarantine ဝင်နေတဲ့ ဟိုတယ် က ထွက်သွားတယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

သူ Quarantine ဝင်နေတဲ့ ဗိုလ်တစ်ထောင်မြို့နယ်က City Hotel Yangon ကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမသိဘူးလို့ဖြေကြားခဲ့ပေမယ့် တိုင်းကျန်းမာရေးဘက်ကတော့ သတင်းအမှား ကောလဟလသတင်းသာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ 



“မဟုတ်ပါဘူး။ သတင်းအမှားတွေပါ။ ဟိုတယ်မှာ အခုရှိပါတယ်” လို့ တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဥက္ကာဖြိုးက Duwun ကိုပြောပါတယ်။

ဒေးဗစ်လားက ဆေးရုံကဆင်းပြီးနောက် သူနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ Quarantine ဆက်နေဖို့ စီစဉ်ထားခဲ့ပေမယ့် ရပ်ကွက်နေပြည်သူလူထုက လက်မခံလို့ ဟိုတယ်မှာ Quarantine ဝင်ရောက်နေတာဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ ဟိုတယ်ကနေ ထွက်သွားတယ်ဆိုတဲ့ သတင်းအမှားတွေ ပြန့်နှံ့လာခဲ့တာပါ။ လက်ရှိမှာတော့ ဟိုတယ်မှာပဲ Quarantine ရက်ပြည့်အောင် ဆက်လက်နေထိုင်နေပါတယ်လို့ ဒေါက်တာဥက္ကာဖြိုးကပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က