တရားလိုပြသက်သေ (၃)ဦးမှာ (၁)ဦးပယ်ချခဲ့ပါတယ်။
Ei Ei Htun

တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ အမှုရဲ့ (၅)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုမှာ တရားလိုပြသက်သေတွေထဲက ကျန်ရှိတဲ့ (၃)ဦးကို စစ်ဆေးဖို့လျာခဲ့ပေမယ့် တစ်ဦးကို လိုပြသက်သေ အဖြစ်မှ ပယ်ချခဲ့တာကြောင့် (၂)ဦးသာစစ်ဆေးခဲ့တာပါ။


စစ်ဆေးခဲ့တဲ့ တရားလိုပြသက်သေ (၂)ဦးမှာ ရောဂါကူးစက်ခံခဲ့ရတဲ့ အဆိုတော်မျိုးကြီးနဲ့ အမှုစစ်ရဲ အရာရှိတစ်ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

“ ဒီကနေ့ရုံးချိန်းရဲ့ တရားခွင်ကြားနာစစ်ဆေးမှုမှာ တရားလိုပြ သက်သေ (၃)ဦးကို စစ်ဆေးဖို့ရှိရာမှာအမှုလိုက်ဥပဒေအရာရှိကနေ တရားလိုပြသက်သေ မဇင်မာလွင်ကို လိုပြသက်သေအဖြစ်က ပယ်ပျက်ခဲ့လို့ စစ်ဆေးခဲ့ခြင်းမရှိပါဘူး။ ဒီကနေ့ရုံးချိန်းမှာ လိုပြသက်သေထဲက ဦးမင်းဌေး (ခေါ်)မျိုးကြီးနဲ့အမှုစစ် ဒု-ရဲမှူးစိုးနိုင်တို့ကိုသာ စစ်ဆေးခဲ့ပါတယ်”လို့ မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက မီဒီယာတွေကိုပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာ လိုပြသက်သေအဖြစ်မှ ပယ်ဖျက်ခံခဲ့ရတဲ့ မဇင်မာလွင်က အဆိုတော်မျိုးကြီးရဲ့ ဇနီးလည်းဖြစ်ပါတယ်။ ဒေးဗစ်လားတို့ အမှုမှာ တရားလိုပြ သက်သေ (၁၄)ဦး ထိတင်ထားခဲ့ရာ (၂)ဦးကိုပယ်ချခဲ့ပြီး ကျန်(၁၂)ကိုတော့ အားလုံးစစ်ဆေးပြီးသွားပါပြီ။

အမှုမှာ တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးဖြစ်လို့ စွပ်စွဲခံရသူများအပေါ် စွဲချက်တင်သင့် ၊မတင်သင့်အတွက် နှစ်ဖက်လျှောက်လွဲချက်ကြားနာမှုကို နောက်ရုံးချိန်းမှာဆောင်ရွက်သွားမှာပါ။ 

နှစ်ဖက်လျှောက်လွဲချက်ပေါ်မူတည်ပြီး စွဲချက်တင်မှာဖြစ်လို့ အချိန်ကာလတစ်ခုအနေနဲ့ နောက်ရုံးချိန်းကို ဇွန်လ (၃၀)ရက်နေ့မှပြန်လည်ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က