မီးသတ်ဌာနချုပ်က မီးသတ်ကား အစီး ၆၀၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၊ အရံမီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေနဲ့ လူအင်အား ရာကျော်နဲ့ ငြိမ်းသတ်နေရတယ်လို့ ဆိုပါတယ်။
Mi Thawdar Aung

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ စက်မှုဇုန် (၁) ဖယောင်းစက်ရုံ မီးလောင်နေရာ Level 4 အဆင့်ရှိပြီး ရေနဲ့ ငြိမ်းသက်မရတဲ့ အခက်အခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက Duwun ကို အတည်ပြုပြောပါတယ်။

Photo : Myanmar Fire Services Department

ဒီကနေ့ စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ မိနစ် ၅၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသက်ရာမှာ ဂိုဒေါင်းတခြမ်းလုံးမီးလောင်ကျွမ်းသွားခဲ့ပြီလို့ သိရပါတယ်။ 

'' လက်ရှိမီးထိန်းဖို့ ကြိုးစားနေပါတယ်။ ဖယောင်းသိုလှောင်တဲ့ စက်ရုံဆိုတော့ မီးငြိမ်းရတာခက်ပါတယ်။ ကျွန်တော်တို့ ဓာတုဆေးရည်တွေဖျန်းပြီး ငြိမ်းသက်ရပါတယ်။ ဖယောင်းတွေဆိုတော့ ရေနဲ့ ငြိမ်းလို့မရဘူး။  လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။ 

လက်ရှိတော့ မီးသတ်ဌာနချုပ်က မီးသတ်ကား အစီး ၆၀၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၊ အရံမီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေနဲ့  လူအင်အား ရာကျော်နဲ့ ငြိမ်းသတ်နေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ မီးထိန်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး မီးလောင်မှု အကြောင်းအရင်းတော့ သေချာမသိရှိရသေးဘူးလို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။



က္က