ကော်မတီဝင်ဦးရဲမြတ်သူရှိခဲ့တာပါ။
Ei Ei Htun

ဒီဂျစ်တယ် နည်းပညာတွေနဲ့ပတ်သက်ပြီး ရဲရဲဝင့်ဝင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့သူတွေကိုရွေးချယ်ချီးမြှင့်တဲ့ Digital Courge Award 2019 ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးရဲမြတ်သူက ရရှိခဲ့ပါတယ်။

ဒီဆုကိုရရှိခဲ့တဲ့ ဦးရဲမြတ်သူဟာ မြန်မာနိုင်ငံအတွက် ဇော်ဂျီဖောင့်ကို စတင်တီထွင်ခဲ့သူဖြစ်ပါတယ်။ Digital Courage Awardဆုကိုတော့ Friedrich Naumann Foundation Myanmarအဖွဲ့အစည်းက ချီးမြှင့်ပေးအပ်တာလည်းဖြစ်ပါတယ်။

“ ဒီဆုက ဒီနှစ်က ဒုတိယအကြိမ်ပေးတာ၊ မနှစ်ကပေးတဲ့ ပထမအကြိမ်မှာတုန်းက အဖွဲ့အစည်းလိုက်ရခဲ့တာ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရရှိတာကတော့ ကျွန်တော်ပထမဆုံးပေါ့။ဒီဆုကိုရရှိတဲ့သူတွေက သူတို့အဖွဲ့နဲ့ ပူးပေါင်းပြီးရှေ့ဆက်အလုပ်တွေလုပ်ဖို့ရှိတယ်။ ဒီဂျစ်တယ် နည်းပညာနဲ့ပတ်သက်ပြီး ကိုယ်လုပ်ချင်တဲ့ စိတ်ကူးတွေကို သူတို့အဖွဲ့က အကုန်အကျခံပြီးဆောင်ရွက်ပေးတဲ့ လုပ်ငန်းမျိုးတွေပေါ့” လို့ Digital Courage Award 2019 ဦးရဲမြတ်သူက Duwun ကိုပြောပါတယ်။

Digital Courage Awardဆုကို သတ်မှတ်အရည်အချင်း သုံးချက်နဲ့ ညီညွှတ်သူကို ဂုဏ်ပြုချီးမြှင့် တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ နည်းပညာလောကကို တိုးတက်အောင် တီထွင် ပြုလုပ်နိုင်စွမ်းရှိသူ၊ အများအကျိုးအတွက် မည်သူမျှ လုပ်နိုင်ခြင်း မရှိသေးသော အလုပ်ကို သတ္တိရှိရှိ လုပ်ဆောင်နိုင်သူ နှင့် အများလေးစားခံရပြီး စံပြုထိုက်သည့် ပုဂ္ဂိုလ်များကို ရွှေးချယ်ပေးအပ်ချီးမြှင့်တာပါ။ ဒီနှစ်အတွက် Digital Courage Award 2019ကို နိုဝင်ဘာလ(၂၇)ရက်နေ့က ရန်ကုန်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


က္က