ရွေကမ်းလွန် သဘာဝဓာတ်ငွေ ယိုစိမ့်နေတာကြောင့် ရန်ကုန်မှာ ဝန်အားလျှော့ချရမှာ ဖြစ်ပါတယ်။

အများပြည်သူ ရုံးပိတ်ရက်ဖြစ်တာကြောင့် စက်မှုဇုန်တွေကို ဦးစားပေးဝန်အားလျှော့ချသွားမှာ ဖြစ်ပြီး အချို့ မြို့နယ် ရပ်ကွက်တွေမှာလည်း ယာယီဓာတ်အား ပြတ်တောက်မှုရှိမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

Photo- YESC



ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးတဲ့ SEGAP တောင်သာ Offtake Station မှာ ဓာတ်ငွေ့ယိုစိမ့်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၂၈ ရက် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း SEGAP တောင်သာ Offtake Station ကနေ ဓာတ်ငွေ့ဖြန့်ဖြူးတာ ခေတ္တရပ်နေမှာ ဖြစ်တာကြောင့် သဘာဝဓာတ်ငွေ့သုံး V-Power (မြင်းခြံ) ဓာတ်အားထုတ်စက်တွေနဲ့ Sembcorp (မြင်းခြံ) ဓာတ်အားထုတ်စက်တွေ ရပ်တန့်နေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေအားစက်ရုံတွေဖြစ်တဲ့ ရွှေလီစက်အမှတ် (၃)၊ မြစ်သာစက်အမှတ် (၁၂) တို့ကိုကိုလည်း အရေးပေါ် ရပ်တန့်လုပ်ငန်းဆောင်ရွက်နေတာကြောင့် ဓာတ်အားစနစ်အတွင်း (179) MW လျော့နည်းနေပြီး ဓာတ်ငွေ့ယိုစိမ့်မှု ပြပြင် နေစဉ် V-Power(1)(မြင်းခြံ)၊ V-Power(2)(မြင်းခြံ)နှင့် Sembcorp(မြင်းခြံ)၊ GT စက်များရပ်တန့်ရမှာဖြစ်လို့  ဓာတ်အားစနစ်အတွင်း စုစုပေါင်းဓာတ်အားထုတ်လုပ်မှု(589)MW ခန့်လျော့နည်းနေမယ်လို့ သိရပါတယ်။

ဆည်ရေဝင်ရောက်မှု အခြေအနအေရ ရေအားလျှပ်စစ်စက်ရုံများက တိုးမြှင့်မောင်းနှင်ပေးမှာဖြစ်ပေမယ့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်မှုလျော့နည်းနေမှာဖြစ်လို့ ရန်ကုန်တိုင်းအတွင်း (120)MW ခန့်ဝန်အား လျှော့ချသွားရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် စက်မှုဇုန်တွေအပါအဝင် အချို့ မြို့နယ်ရပ်ကက်တွေမှာ ယာယီဓာတ်အားပြတ်တောက်မယ်လို့ အများပြည်သူကို ကြိုတင်အသိပေးပန်ကြားအပ်တယ်ဆိုပြီး ဇူလိုင် ၂၇ ရက်နေ့က YESC က ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က