နောက်ရုံးချိန်းကို ဒီဇင်ဘာ(၄)ရက်နေ့မှာ ပြုလုပ်မှာပါ။
Ei Ei Htun

တစ်နေကုန်ကြာစစ်ဆေးခဲ့တဲ့ ဗစ်တိုးရီးယားအမှုရဲ့(၁၁)ကြိမ်မြောက်ရုံးချိန်းမှာတော့ အောင်ကြီးရဲ့ ရှေ့နေတွေဘက်က ဒေါ်ဥမ္မာလှိုင်ရဲ့ စစ်ဆေးမှုအပိုင်းတွေမပြီးပြတ်ခဲ့ပါဘူး။ 

နေပြည်တော်က ဗစ်တိုးရီးယားအမှုရဲ့ (၁၁)ကြိမ်မြောက်ရုံးချိန်ကိုတော့ ဒီကနေ့ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး မှုခင်းဆရာဝန်နဲ့  Wisdom Hill မူကြိုကျောင်းအု ပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်တို့ကို စစ်ဆေးခဲ့ပါတယ်။ ရုံးချိန်းကိုတော့ တစ်နေကုန်ကြာစစ်ဆေးခဲ့ပေမယ့် ဒေါ်ဥမ္မာလှိုင်ကို စစ်ဆေးတဲ့ အပိုင်းမှာ မပြီးပြတ်ခဲ့တာကြောင့် နောက်တစ်ပတ်ရုံးချိန်းမှာ အောင်ကြီးရဲ့ရှေ့နေတွေဘက် မေးမြန်းစရာရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ ဒီနေ့ ဒေါ်ဥမ္မာလှိုင်ကို စစ်တော့ ကိုအောင်ကြီးကို ဘယ်လိုငှားတယ်ဆိုတာတွေနဲ့ အခင်းဖြစ်တဲ့နေ့ကအကြောင်းတွေပြောတယ်။ အခင်းဖြစ်တဲ့နေ့က ဗစ်တိုးရီးယားလေးရဲ့ မိဘတွေက သူတို့ဆီကိုလာပြီး မေးမြန်းတဲ့ အခါမှာ ဒေါသတကြီး မေးမြန်းကိစ္စတွေကိုပြောသွားတယ်။ စစ်ရင်းစစ်ရင်းနဲ့ အချိန်ကကုန်သွားတော့ ကျွန်တော်တို့က ဒေါ်စုဒါလီအောင်ဘက်က မေးစရာတွေကရှိသေးတယ်။ နောက်တစ်ပတ်ရုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်ကိုဆက်လက်စစ်သွားဖို့ရှိတယ်” လို့ ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က ရုံးချိန်းအပြီးမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။

အရင်တစ်ပတ်ရုံးချိန်းက ကျောင်း cctv တာဝန်ခံကို စစ်ဆေးရာမှာ Hard Disk ထဲ အချက်အလက်တွေမပါလာတဲ့ ကိစ္စကိုလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဗစ်တိုးရီးယားအမှုရဲ့ (၁၂)ကြိမ်မြောက်ရုံးချိန်းကိုတော့ ဒီဇင်ဘာလ(၄)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းက ဆရာမနှစ်ယောက်ကို စစ်ဆေးသွားမှာပါ။


က္က