တချို့မြို့နယ်တွေမှာ အခုချိန်ထိ မီးပြတ်တောက်နေဆဲဖြစ်ပါတယ်။
Mi Thawdar Aung

ဒီကနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ကနေ ၂ နာရီခွဲအထိ ၂ နာရီ အကြာ မီးပြတ်တောက်မှုဖြစ်ခဲ့ပြီး မကြာခင် အချိန်အတွင်း မီးပြန်ပေးနိုင်တော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း ဓာတ်အားဖြန့်ဖြူရေးဌာနက Duwun ကို ပြောပါတယ်။

” အခု ဓာတ်အားပြန်လွှဲပေးပါတော့မယ်။ရပါတော့မယ်ခင်ဗျ။ ဖြစ်တာကတော့တောင်တွင်းကြီး-သပြေ၀ ဓာတ်အားလိုင်းခွဲကြောင့် ဓာတ်အားပြတ်တောက်မှုဖြစ်သွားတာပါ။ ကျွန်တော်တို့ ၂ နာရီခွဲလောက်မှ ဓာတ်အားပြန်လွှဲပေးလိုက်ပါပြီ” လို့ ဓာတ်အားဖြန့်ဖြူရေးဌာနမှ ဦးကျော်သူက ဆိုပါတယ်။



ဒီကနေ့ နေ့လယ်ပိုင်းလောက်က ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံလုံးနီးပါးမှာ မီးပြတ်တောက်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ မြို့နယ်အများစုမှာ မီးမပြန်လာသေးဘူးလို့ မြို့နယ်တွေမှာနေထိုင်သူအချို့က ပြောပါတယ်။

“ အခုထိတော့ ပြန်မလာသေးဘူး။ မီးပြတ်တာ တစ်နာရီကျော်လောက်တော့ ရှိပြီ။ အရင် ပြတ်တုန်းကဆို ဆယ်မိနစ်လောက်ပဲ။ အခုကတော့ တော်တော်ကြာတယ်”လို့ လှိုင်သာယာမြို့နယ်မှာနေထိုင်သူတစ်ဦးက လည်း မွန်းလွဲ ၃ နာရီခန့်က ဆိုပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းက မဟာ ဓာတ်အားလိုင်းတစ်ခုဖြစ်တဲ့ ၂၃၀ ကေဗွီ တောင်တွင်း-နေပြည်တော် ဓာတ်အားလိုင်းဟာ ညောင်ဝိုင်းကျေးရွာ အနီးမှာ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခဲံပြီး ရန်ကုန်တိုင်းအတွင်းရှိ နေရာတွေအားလုံး ယာယီဓာတ်အားပြတ်တောက်ခဲ့ရတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဓာတ်အားပြန်လည်ရရှိနိုင်ရေးအတွက် အလုံဓာတ်အားပေးစက်ရုံကနေ ဓာတ်အားမောင်းနှင်ရယူပြီး ၁ နာရီအခွဲအချိန်လောက်မှ ရန်ကုန်တိုင်းအတွင်းက အများပြည်သူ အရေးကြီးနေရာတွေကို စတင်ကာ ဓာတ်အားပြန်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂ နာရီ ကျော်ခန့်မှာ နိုင်တော်ဓာတ်အားစနစ်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး ရန်ကုန်တိုင်းက တစ်နေရာပြီး တစ်နေရာကို ဓာတ်အားတွေ ပြန်ပေးနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Mi Thawdar Aung

    Content Editor/Reporter


က္က