အောက်တိုဘာလ (၁) ရက်နေ့ထိ ယာယီရပ်နားမှာ ဖြစ်ပါတယ်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့လျှက်ရှိနေတာကြောင့် ပြည်တွင်းလေကြောင်းလမ်းခရီးစဉ် အားလုံးကိုယာယီရပ်နားဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ပြည်တွင်းလေကြောင်းလိုင်းများ ယာယီရပ်နားခြင်းကို ဒီကနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ကနေစပြီး အောက်တိုဘာလ(၁)ရက်နေ့ထိ ယာယီရပ်နားမှာဖြစ်တယ်လို့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။ လေကြောင်းလိုင်းတွေ ရပ်နားဖို့အတွက် ပြည်တွင်းလေကြောင်းလိုင်းတွေဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း၊ အဲသံလွင်၊ Air KBZ၊ ရွှေမြန်မာလေကြောင်းလိုင်းနဲ့ မန်းရတနာပုံလေကြောင်းလိုင်းတွေကို ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 



“ ကျွန်တော်တို့လေကြောင်းခရီးစဉ်တွေကို မနေ့ကထိ ကျွန်တော်တို့ပြေးဆွဲခဲ့ပါတယ်။ အခုလို ပြည်တွင်းလေကြောင်းလိုင်းတွေပိတ်ဖို့ ဝန်ကြီးဌာနက ဆက်သွယ်အကြောင်းလာသလို၊ တရားဝင်လည်း သတင်းစာထဲမှာ ထုတ်ပြန်ခဲ့တဲ့ အတွက် ဒီနေ့ကစပြီး လေကြောင်းခရီးစဉ်အားလုံးကို ရပ်နားထားပါတယ်” လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက CEO ဦးသန်းထွန်းက Duwun ကိုပြောပါတယ်။ 

နိုင်ငံတွင်း ပျံ့နှံ့လျှက်ရှိတဲ့ ကိုဗစ်ပိုးကြောင့် ပြည်တွင်းလေကြောင်းလိုင်းတွေကို ယာယီရပ်နားခဲ့သလို ခရီးသည်ယာဉ်ပြေးဆွဲမှုတွေလည်း ယာယီရပ်နာထားလျှက်ရှိပါတယ်။ 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်းကို ခရီးသည်ယာဉ် အဝင်အထွက်ယာယီရပ်နားခြင်းကိုလည်း မနေ့ကစပြီး ဆောင်ရွက်ခဲ့တာပါ။  ရန်ကုန်တိုင်းအတွင်းမှာလည်း ရန်ကုန်ပြည်သူလူထုအနေနဲ့ ကျန်းမာရေးကိစ္စနဲ့ အရေးပေါ်ကိစ္စတွေကလွဲပြီး ရန်ကုန်ပြင်ပ ခရီးမသွားဖို့ တားမြစ်ထားသလို ဒီကနေ့စပြီး ရန်ကုန်အဝင်အမြန်လမ်းစစ်ဆေးရေးဂိတ်မှာလည်း အဝင်တွေကို လက်မခံတော့ဘူးလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က