တစ်နိုင်ငံလုံးမှာ အင်းစိန်မြို့နယ်တစ်ခုတည်းသာ Stay at Home အစီအစဉ်မှာ ရှိနေဆဲဖြစ်ပါတယ်။

ဒီလကုန်မှာ မိမိအိမ်မှာနေထိုင်ရေး (Stay at Home) အစီအစဉ်ကို မြို့နယ်တွေအားလုံးမှာ ဖြေလျှော့ပေးနိုင်တော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဇွန်လ ၂၉ ရက် ညနေပိုင်းက သူရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောလိုက်ပါတယ်။

ကိုဗစ်ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့ အတွက် နှစ်ပတ်တစ်ကြိမ် အခြေအနေတွေ သုံးသပ်ကာ ဆက်လက်ထိန်းသိမ်းရမယ့် စည်းမျဉ်းတွေ၊ ဖြေလျှော့သင့်တာတွေ၊ မြှင့်တင်သင့်တာတွေကို ဆုံးဖြတ်ရပြီး လက်ရှိမှာ လူစုလူဝေးဖြစ်နိုင်မယ့် ကိစ္စတွေကိုတော့ ဆက်လက်ပိတ်ပင်ထားဦးမယ်လို့ အတိုင်ပင်ခံကဆိုပါတယ်။



ရောဂါမပြန့်ပွားစေဖို့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ်ဆိုပါက နောက်တစ်လ၊ နှစ်လလောက်တွင်း ဒုတိယအကြိမ် ကိုဗစ်လှိုင်းထခြင်းကို တားဆီးနိုင်မယ်လို့ မျှော်လင့်ရကြောင်း၊ ရောဂါလက္ခဏာလုံးလုံးမပြဘဲ ကူးစက်ခံနေရသူတွေများတာကြောင့် အထူးသတိထားဖို့တော့ လိုအပ်ကြောင်း အတိုင်ပင်ခံက ပြည်သူတွေကို အသိပေးရေးသားထားတာပါ။

“ ဈေးတွေလို အခြားသူတွေနဲ့ အချိန်ခပ် ကြာကြာ ထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီးပါတယ်။ လက်ကို ခဏခဏ ဆေးဖို့လည်း မမေ့မပေ့ါဆပါနဲ့။” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အိမ်မှာနေရတဲ့ကာလတွေအတွင်းမှာ အွန်လိုင်းကနေ အရောင်းအဝယ်တွေ မြင့်မားလာတာကို သိရပြီး ဒါဟာ လူသားတွေရဲ့ အခြေအနေသစ်တွေရဲ့ လိုအပ်ချက်အရ ပြောင်းလဲနိုင်တာကို ပြသတာပဲလို့ အတိုင်ပင်ခံက ပြောကြားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က