လူနာအမှတ် ၃၀၄ နဲ့အတူ တစ်ခန်းထဲနေထိုင်သူ ၃ ဦးရှိပြီး အဲ့ဒီ၃ဦးမှာတော့ ရောဂါပိုးမတွေ့ရှိထားဘူးလို့သိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဒီနေ့မနက်(၈)နာရီမှာထုတ်ပြန်ခဲ့တဲ့ အတည်ပြုလူနာ ၃၀၄က ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ခဲ့သူဖြစ်ပြီး ထိတွေ့ခဲ့သူတွေကို ရှာဖွေနေတယ်လို့ ပဲခူးတိုင်းဒေသကြီးကျန်းမာ ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းကပြောပါတယ်။


လူနာအမှတ် ၃၀၄ နဲ့အတူ တစ်ခန်းထဲနေထိုင်သူ ၃ ဦးရှိပြီး အဲ့ဒီ၃ဦးမှာတော့ ရောဂါပိုးမတွေ့ရှိထားဘူးလို့သိရပါတယ်။ဒါပေမယ့် ယခု တွေ့ရှိတဲ့ လူနာ ၃၀၄ ဟာ ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ရှိတာဖြစ်လို့ ၎င်းနဲ့အတူ ကွာရန်တင်းဝင်နေသူတွေကို အခြေအနေ စောင့်ကြည့်ပြီး စစ်ဆေးဖို့လိုအပ်ရင် နောက်တစ်ကြိမ်စစ်ဆေးသွားမယ်လို့သိရပါတယ်။

" Qဝင်သူတိုင်း ၊နိုင်ငံခြားပြန်တိုင်းကို ဆေးစစ်တယ်။ ဒီအဖွဲ့က အဖွဲ့လိုက်လာတယ်။ ၃၀ ရက်နေ့က နှာခေါင်းတို့ဖတ် ယူတယ်၊ဒီနေ့မှာ ထွက်တယ်။ သူက ပိုးတွေ့တယ်၊ ကလေးက ၁၈ နှစ်ပဲရှိပါသေးတယ်။ခုထိလည်း ဘာလက္ခဏာမှမတွေ့သေးဘူးသိရတယ်။"လို့ ဒေါက်တာအေးငြိမ်းကပြောပါတယ်။ လူနာအမှတ် ၃၀၄ ဟာ ထိုင်းနိုင်ငံကပြန်ရောက်လာသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့က ပဲခူး မြို့ကို ပြန်လည်ရောက်ရှိလာပြီး အာသောကစောင့်ကြည့်စခန်း မှာ ကွာရန်တင်းဝင်နေသူဖြစ်ပါတယ်။ ခုဆိုရင် ပဲခူးတိုင်းအရှေ့ခြမ်းမှာ ထိုင်းပြန် ၂ ဦး ပိုးတွေ့ရှိခဲ့ပြီး တိုင်းတစ်တိုင်းလုံးမှာဆိုရင်တော့ ပိုးတွေ့လူနာ ၉ ဦးအထိရှိခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီမနက်တွေ့ရှိခဲ့တဲ့ လူနာကလွဲရင် ကျန်လူနာ ၇ဦးက ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ပြီး ၁ဦးကတော့ သေဆုံးခဲ့ပါတယ်။ 


လူနာ အမှတ် ၃၀၄ နေတဲ့ အာသောက အသွားအလာစောင့်ကြည့်ရေးစခန်းမှာ ပြည်ပကနေပြန်လာပြီး အသွားအလာကန့်သန့်စောင့်ကြည့်ထားသူ ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး စည်းကမ်းမဲ့နေထိုင်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ " Q ဝင်နေတဲ့သူအားလုံးကိုထပ်စစ်သင့်တယ်။ အဲ့ဒီ က Q ဝင်နေသူတွေက ပျော်ပွဲစားထွက်သလိုပဲ။ အရင်ထဲက အားလုံးကစိုးရိမ်နေတာ။ "လို့ ပဲခူးဒေသခံတစ်ဦး ကပြောပါတယ်။ လူနာအမှတ် ၃၀၄ ကို ဒီကနေ့မနက်မှာ ပဲခူးက Isolation Unit (ကလိ) မှာ ပြောင်းရွှေ့ ကုသမှုပေးသွားမှာဖြစ်ပါတယ်။


ဇူလိုင် ၂ ရက်နေ့စာရင်းတွေအရ ပဲခူးတိုင်းတစ်ခုလုံးမှာ Facility Quarantine ၂၉၃ ခုနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်နေတဲ့ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား ၃၃၀၉ဦးရှိတယ်လို့သိရပါတယ်။

ဇူလိုင်၂ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ပဲခူးကပိုးတွေ့လူနာအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၀၄ဦးအထိ ရှိလာပြီလည်းဖြစ်ပါတယ်။ 


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က