မနက် ၄ နာရီကနေ စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် ရခိုင်ပြည်နယ်ကနေဝင်ရောက်လာတဲ့ ခရီးသည်တင်ယာဉ်တွေကို ရန်ကုန်မြို့အဝင်၊ တိုက်ကြီးမြို့နယ်အတွင်းက မီးနင်းချောင်းစစ်ဆေးရေးဂိတ်ကနေ ပိတ်ဆို့စစ်ဆေးရာမှာ ဒီနေ့(သြဂုတ်လ ၂၂ရက်)မှာတော့ စစ်တွေက ဝင်လာတဲ့ကား(၈)စီးရှိတယ်လို့ သိရပါတယ်။

အဆိုပါကား (၈)စီးကနေခရီးသည်နဲ့ ယာဉ်မောင်းအပါအဝင် လူ (၁၁၄ )ဦးပါဝင်ပြီး ကျန်းမာရေးစစ်ဆေးဖို့အတွက် ကွာရန်တင်းစင်တာနှစ်ခုကိုပို့ဆောင်ထားတယ်လို့ ဥက္ကံမြို့အုပ်ချုပ်ရေးမှူး ဦးအောင်သူက Duwun ကို ပြောပါတယ် ။ "၁၁၄ ဦးထဲမှာ ကလေးငယ် ၆ယောက်ပါတယ် ။ ၅လသားကလေး ၊ ၁နှစ်လောက်ကလေးလေးတွေလည်းပါတယ်။ ၆နှစ်လောက်ကလေးလည်းပါတယ်။ လူ၅၀ တစ်ဖွဲ့ကို လှိုင်တက္ကသိုလ်မြတ်လေးဆောင်ကိုပို့လိုက်တယ်။ နောက်ထပ်ကျန်တဲ့သူတွေကို အင်းစိန် နည်းပညာတက္ကသိုလ် ဥတ္တရဆောင်ကို ပို့လိုက်ပါတယ်" လို့ သူက ဆိုပါတယ် ။ 



ရခိုင်ပြည်နယ်လမ်းကြောင်းကနေ ရန်ကုန်ကို ဝင်လာတဲ့ ကားတွေကို နံနက် ၄နာရီကနေ ည ၁၂နာရီအထိ အထူးပိတ်ဆို့စစ်ဆေးနေတာဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ကျန်းမာရေးဦးစီးဌာန ၊ ကြက်ခြေနီတပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေကြတာပါ။ မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုမရှိတာ တစ်လကြာမြင့်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ရက်နေ့ကစပြီး ပြည်တွင်းကူးစက်လူနာများတွေ့ရှိခဲ့ရာ ယနေ့ သြဂုတ်လ (၂၂)ရက်မနက်အထိ စုစုပေါင်း ၄၅ဦးတွေ့ရှိထားပါတယ်။

ဒီလို ဆက်တိုက်တွေ့ရှိလာတဲ့အတွက် ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ပြည်သူတွေစိုးရိမ်မှုရှိနေပါတယ် ။ ဒါကြောင့် ရောဂါပိုး ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး စည်းကမ်းတွေကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်လျက်ရှိပါတယ်။

Share

Loading Next Article...
က္က