သေဆုံးသူ စံချိန်သစ်တင်ခဲ့တာပါ။

ဒီနေ့မနက် ၈ နာရီမှာ ကိုဗစ်လူနာ ၄ ဦးသေဆုံးကြောင်း၊ မွန်းလွဲ ၃ နာရီခွဲမှာ ၂ ဦးသေဆုံးကြောင်းနဲ့ ည ၈ နာရီမှာတော့ ၆ ဦးသေဆုံးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ပါဝင်တဲ့ သေဆုံးသူလူနာတွေဟာ အသက် (၅၀) ကျော်အရွယ်ကနေ အသက် (၈၀) ကျော် အရွယ်တွေထိဖြစ်ကြပြီး အများစုကတော့ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါအခံရှိသူတွေ ဖြစ်ကြတယ်လို့ ဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။



ဒါ့အပြင် ကျောက်ကပ်ရောဂါအခံရှိသူ၊ ပန်းနာရင်ကြပ်ရောဂါ၊ အသည်းရောင်အသားဝါ (စီ) ရောဂါပိုးအခံရှိသူ တွေလည်းပါဝင်ပြီး ရောဂါအခံတွေရှိတဲ့အပြင် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှုလမ်းကြောင်း ပျက်စီးခြင်းတို့နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ သေဆုံးမှုတွေက စက်တင်ဘာလဆန်းပိုင်းက စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ၁၀ ရက်ကျော်အတွင်း သေဆုံးသူ ၂၆ ဦးအထိ ရှိလာခဲ့တာပါ။ အများစုက ရောဂါအခံမရှိသူများဖြစ်ပေမယ့် ရောဂါအခံမရှိဘဲ သေဆုံးသူ တစ်ဦးရှိခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာစတင်တွေ့ရှိခဲ့တဲ့ မတ်လကနေ သြဂုတ်လကုန်ပိုင်းအထိ သေဆုံးသူဟာ (၆) ဦးသာရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရသိရပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၃၁၉၅ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၃၂ ဦးထိ ရှိလာခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က