သြဂုတ်လ(၈)ရက်နေ့ကစပြီး ကျင်းပမှာပါ။

တောင်ပြုန်းပွဲဆိုတာက လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ ယုံကြည်သူတွေ စုပေါင်းကျင်းပကြတဲ့ ရိုးရာနတ်ကိုးကွယ်မှု အစဉ်အလာတစ်ရပ်လည်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်မှာတောင် ကျင်းပခွင့်မရတာမျိုး မရှိသလို၊ ပုဂံခေတ်ကတည်းက နှစ်စဉ်မပြတ်ကျင်းပလာခဲ့ကြတာလို့ ဆိုပါတယ်။

photo- ၂၀၁၈ခုနှစ်တောင်ပြုန်းပွဲကျင်းပနေပုံ



ရာသီတုပ်ကွေး(H1N1) ရောဂါဖြစ်ပွားမှုကြောင့် ဒေသတချို့မှာ လူသေဆုံးမှုတွေရှိနေပေမယ့်လည်း တောင်ပြုန်းပွဲတော်ကိုတော့ အစဉ်အလာအတိုင်းပဲ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

"ကျန်းမာရေးနဲ့ပတ်သက်တဲ့စီမံချက်တွေရေးဆွဲပြီးတော့ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် တာဝန်ရှိသူတွေကြီးကြပ်မှုနဲ့ ကျင်းပသွားမှာပါ။ ဇူလိုင်(၁၈ )ရက်နေ့က ဈေးဆိုင်တန်းတွေ လေလံပစ်တဲ့နေ့ကပဲ တိုင်းအစိုးရရဲ့ခွင့်ပြုချက်ရပါတယ်။ (၁၉) ရက်နေ့က ဈေးဆိုင်တွေစဆောက်ပါတယ်" လို့ တောင်ပြုန်းဆုတောင်းပြည့်မြတ်စွာဘုရား ဂေါပကအဖွဲ့ဥက္ကဌဦးကျော်ကျော်က Duwun ကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တောင်ပြုန်းပွဲတော်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကတော့ နိုင်ငံရဲ့ဒေသတော်တော်များများမှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေချိန်နဲ့တိုက်ဆိုင်လို့ ပွဲကျင်းပခွင့် ရပ်ဆိုင်းခံခဲ့ရဖူးပါတယ်။ တောင်ပြုန်းပွဲတော်ဟာ ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်မှာတောင် ရပ်ဆိုင်းခိုင်းတာမျိုး ကျင်းပခွင့်မရတာမျိုးမရှိခဲ့ဖူးဘူးလို့ သိရပါတယ်။



photo- ၂၀၁၈ခုနှစ်တောင်ပြုန်းပွဲကျင်းပနေပုံ

"အဲဒီတုန်းကတော့ အားလုံးပြင်ဆင်ထားပြီးမှ ပွဲရပ်ဆိုင်းရမယ်ဆိုလို့ အကုန်အခက်အခဲဖြစ်ကြရပါတယ်။ ဈေးသည်တွေ တော်တော်ခံလိုက်ရတယ်။ အဲဒီတစ်နှစ် မကျင်းပလိုက်ရတဲ့အတွက် အခုထိ အဆင်မပြေကြသေးတဲ့ ဈေးသည်တွေလည်းရှိတယ်။ ဒီနှစ်တော့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သေချာစီစဉ်ထားပြီး ကျင်းပသွားမှာပါ" လို့လည်း ၎င်းကဆိုပါတယ်။

တောင်ပြုန်းပွဲဆိုတာက လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ ယုံကြည်သူတွေ စုပေါင်းကျင်းပကြတဲ့ ရိုးရာနတ်ကိုးကွယ်မှု အစဉ်အလာတစ်ရပ်လည်းဖြစ်ပြီး ပုဂံခေတ်ကတည်းက နှစ်စဉ်မပြတ် ကျင်းပလာခဲ့ကြတာလို့လည်း သိရပါတယ်။

ဒီနှစ်တောင်ပြုန်းပွဲတော် မကျင်းပမီ ဒေသတချို့မှာ ရာသီတုပ်ကွေး(H1N1) ရောဂါဖြစ်ပွားမှုကြောင့် လူသေဆုံးမှုတွေရှိနေတဲ့အတွက် ပွဲကျင်းပခွင့်မရမှာကို စိုးရိမ်ပူပန်သူတွေလည်းရှိခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ ပွဲကျင်းပခွင့် ခွင့်ပြုချက်ရရှိခဲ့ပါတယ်။

photo- ၂၀၁၈ခုနှစ်တောင်ပြုန်းပွဲကျင်းပနေပုံ

အခုနှစ် တောင်ပြုံးပွဲတော်ကို သြဂုတ်လ ၈ ရက်(ဝါခေါင်လဆန်း ၈ ရက်)ကနေ သြဂုတ်လ ၁၅ ရက်(ဝါခေါင်လပြည့်နေ့)အထိ အစဉ်အလာမပြတ်ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်ရက်တွေမှာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ကြီးကြပ်မှုနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးအစီအစဉ်တွေ၊ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေး ကုသပေးတာတွေ ဆောင်ရွက်ပေးသွားမှာလည်းဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနဆီကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က