ကိုဗစ်အတည်ပြု လူနာ ၂၄ ဦးထဲမှာ ပြည်ပပြန် ၂၁ ဦးပါဝင်ပြီး ရခိုင်က ပြန်လာတဲ့သူ ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့မှာ တွေ့ရှိထားတဲ့ ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးကို ပဲခူး ကလိ ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုပေးသွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကိုသန်းထိုက်အောင်ကပြောပါတယ်။

ဒိုက်ဦးမြို့မစျေးပိတ်ဖို့အတွက် ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ _ U Aung Lwin Oo)



ကိုဗစ်အတည်ပြု လူနာ ၂၄ ဦးထဲမှာ ပြည်ပပြန် ၂၁ ဦးပါဝင်ပြီး ရခိုင်က ပြန်လာတဲ့သူ ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။ "ထိုင်းနိုင်ငံကပြန်လာသူ ၂၁ ဦးဖြစ်ပြီး ရခိုင်က ပြန်လာသူ ၃ ဦးမှာပိုး တွေ့တာဖြစ်ပါတယ်။ ဒီနေ့ပဲ သူတို့အားလုံးကို ပဲခူးကလိဆေးရုံကို ပို့မှာဖြစ်ပါတယ်၊ အားလုံးသြဂုတ်လထဲမှာပဲ ကွာရန်တင်းထည့်ထားတဲ့သူတွေဖြစ်ပါတယ်"လို့ ကိုသန်းထိုက်အောင်ကပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ကနေပြန်လာသူ ၃ ဦးမှာ ရောဂါပိုး ကူးစက်ခံထားရပြီဖြစ်လို့ သူနဲ့ ဆက်စပ်ခဲ့တဲ့သူတွေကို ကွာရန်တင်း ထည့်ဖို့အတွက် လိုက်လံရှာဖွေတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ပိုးတွေ့လူနာတွေနေဲ့ ဆက်စပ်တဲ့ရပ်ကွက် နေရာတွေ၊ လမ်းတွေကိုတော့ lock down ချပြီး stay home သတ်မှတ်ဖို့ ရှိပေမယ့် ဒိုက်ဦးတစ်မြို့လုံးကိုတော့ Stay Home သတ်မှတ်ဖို့က မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ 

စက်တင်ဘာလ ၃ ရက်နေ့မနက်ခင်း ဒိုက်ဦးစျေးမြင်ကွင်း (ဓာတ်ပုံ - Nwaye Nadar Mg)

" ဒိုက်ဦးမှာကတော့ ဈေးတွေလည်း ပုံမှန်သွားလာနေဆဲ ၊စည်ကားနေဆဲပြောရမယ်။ Mask တပ်သူရှိသလို မတပ်သူလည်းရှိတယ်။ အခုထိတော့ stay home လုပ်တာမရှိသေးဘူး။ "လို့ ဒိုက်ဦးမြို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒိုက်ဦးမြို့မဈေးကြီးကို တစ်နေကုန်ဖွင့်လှစ်ရောင်းချမှုအစား မနက်ဖန်ကစပြီး နေ့လည် ၁၂ နာရီအထိသာ ရောင်းချခွင့်ပြုတော့မယ်လို့သိရပါတယ််။

လက်ရှိ ဒိုက်ဦးမှာ ကိုဗစ််ပိုးတွေ့ လူနာ ၂၄ ဦးအပါအဝင် ကွာရန်တင်းထည့် အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ ပြည်ပပြန်နဲ့ ရခိုင်က ပြန်လာသူပေါင်း ၁၇၆ ယောက်ရှိတယ်လို့သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်မှုဟာ မြင့်တက်လာတာကြောင့် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မနက် ၈ နာရီအထိ ဆိုရင် ကူးစက်ခံထားရသူပေါင်း ၁၀၅၈ ဦးအထိရှိလာနေပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က