စီမံကိန်းကို သြဂုတ်လ(၁၀)ရက်နေ့က စတင်မှာပါ။
ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းကို အဆင့်(၃)ဆင့်နဲ့ဆောင်ရွက်သွားမှဖြစ်ပြီး ဒါကပထမအဆင့်ဆောင်ရွက်မှာဖြစ်ပြီးတော့ စီမံကိန်းကာလအတွင်း YBS ၂၁၊ ၃၉၊ ၃၅၊ ၃၇၊ ၇၈ ယာဉ်လိုင်းတွေက ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲသွားရမှာဖြစ်တယ်လို့ Power Eleven Company မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးကပြောပါတယ်။

photo- Thet Tin Win



ရန်ကုန်နဲ့ဒလကို ဖြတ်သန်းသွားလာဖို့အတွက် ရန်ကုန်-ဒလတံတားစီမံကိန်းကို သြဂုတ်လ(၁၀)ရက်နေ့ ညပိုင်းကစပြီး လုပ်ငန်းကို စတင်အကောင်အထည်ဖော်တော့မှာဖြစ်တာကြောင့်် ဘုန်းကြီးလမ်းတစ်လျှောက်ဖြတ်သန်းသွားလာနေတဲ့ YBSယာဉ်လိုင်းများကို သြဂုတ်လ(၁၁)ရက်နေ့ကစပြီး ခရီးစဉ်လမ်းကြောင်းများပြောင်းလဲပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ဆီကို ၁၁ရက်နေ့ကစပြီး လမ်းကြောင်းပြောင်းလဲပြေးဆွဲဖို့ YRTA က ညွှန်ကြားချက်ထုတ်တယ်။ ဒီနေ့လည်း ဖုန်းဆက်ပြီးအကြောင်းကြားလာတယ်။ ကျွန်တော်တို့က အရင်က စံပြဘုန်းကြီးလမ်းရောက်ရင် ကမ်းနားလမ်းကို တည့်တည့်မောင်းတာ။ အခုကတော့ တံတားတည်ဆောက်ရေး ပထမအဆင့်ကို ဘုန်းကြီးလမ်းမပေါ်မှာ စတင်ဆောင်ရွက်မှာဆိုတော့ အဲဒီဘက်ကိုဖြတ်လို့မရတော့ဘူး။ ဒါကြောင့် ယာဉ်လိုင်းတွေက စံပြရောက်ရင် စံပြရုပ်ရှင်ရုံကနေ ညာဘက်ကိုချိုးပြီး Junction mawtin နဲ့ ကျုံးကြီးတို့ကိုဖြတ်မောင်းရမှာ။ နောက်ဆုံးကမ်းနားလမ်းမပေါ်က ကျုံးကြီး မှတ်တိုင်ဂိတ်မှာပဲ ဂိတ်ဆုံးမှာ”လို့ Power Eleven Company မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက Duwun ကိုပြောပါတယ်။

photo- Kyaw Moe

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းကြောင့် ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲရမယ့် ယာဉ်လိုင်းတွေကတော့ ၂၁၊ ၃၉၊ ၃၅၊ ၃၇၊ ၇၈ တို့ပဲဖြစ်ပါတယ်။ ဒီယာဉ်လိုင်းတွေဟာ လမ်းကြောင်းတစ်ခုတည်းကိုပဲပြောင်းလဲပြေးဆွဲမှာမဟုတ်ဘဲ လမ်းကြောင်းတွေကိုခွဲပြီးပြေးဆွဲမှာ ဖြစ်တာကြောင့် ယာဉ်လမ်းကြောင်းပိတ်ပို့မှုမဖြစ်အောင်တော့ ဦးစားပေးပြီးဆောင်ရွက်ထားတယ်လို့ ကိုတရုတ်လေးကပြောပါတယ်။

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းကို အဆင့်(၃)ဆင့်နဲ့ဆောင်ရွက်သွားမှဖြစ်ပြီး ခုကပထမအဆင့်ကိုဆောင်ရွက်မှာပါ။ ပထမအဆင့်ဆောင်ရွက်ချက်မှာတင် အချိန်ကာလအားဖြင့် (၈)လနဲ့ (၁၀)လ ကြားကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က