ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးအဖမ်းခံရတဲ့ကိစ္စမှာ သက်သေအဖြစ်ထွက်ဆိုခဲ့တဲ့ ဒုရဲမှုးဟောင်းမိုးရန်နိုင်က လာမယ့် ဖေဖော်ဝါရီလမှာ လွတ်မယ်လို့ သူ့ရဲ့ ညီဖြစ်သူ ကိုရဲဝင်းနိုင်က Duwun ကိုပြောပါတယ်။

ဒုရဲမှုးမိုးရန်နိုင်က ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“ဖေဖော်ဝါရီလမှာလွတ်မယ်ပဲပြောတယ်။ဘာကြောင့်လို့တော့မပြောဘူး။ထောင်ဦးစီးအရာရှိကပြောတာပါ။အောက်ခြေက ဝန်ထမ်းတွေစာရင်းတွက်ချက်တာမှားတယ်ပဲပြောတယ်။ကျွန်တော်တို့ ဘာမှမသိရဘူး” လို့ ကိုရဲဝင်းနိုင်က ပြောပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့်ဒုရဲမှုးဟောင်းရဲ့ ဇနီးနဲ့ အမျိုးတွေက အင်းစိန်ထောင်မှာ သွားရောက်ကြိုဆိုကြပေမယ့် လွတ်မြောက်မလာသေးတာကြောင့် ပြန်သွားခဲ့ရပါတယ်။

ဒုရဲမှုးဟောင်းမိုးရန်နိုင်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ ၂၀၁၈ ဧပြီ ၂၇ ရက်မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆(ခ)/၂၂ နဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ 



က္က