ထောင်ဒဏ် ၁ နှစ်ကျခံခဲ့ရတာပါ။

ရိုက်တာသတင်းထောက်နှစ်ဦ းအဖမ်းခံရတဲ့ကိစ္စမှာ သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှုးဟောင်းမိုးရန်နိုင်ဟာ ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာ လွတ်မြောက်တော့မယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက Duwun ကို အတည်ပြုပြောဆိုပါတယ်။

Photo - ရိုက်တာ

ဒုတိယရဲမှူးမိုးရန်နိုင်ဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ိုက်တာ သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ ရဲမှူးချုပ်တင်ကိုကိုက စေခိုင်းတယ်လို့ တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို ဖိအားတွေပေးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါအပြင် သူ့ရဲ့မိသားစုဝင်တွေနေထိုင်တဲ့ နေပြည်တော် ရဲလိုင်းခန်းကနေ ပြောင်းရွှေ့ပေးခဲ့ရပြီး နေထိုင်စရာ အခက်အခဲတွေပါ တွေကြုံခဲ့ရပါတယ်။ ပြည်သူတွေက သူတို့နေထိုင်ဖို့ ပိုက်ဆံတွေစုပြီး ပေးခဲ့ပေမယ့် ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက လက်မခံခဲ့ပါဘူး။

ဒုရဲမှုးဟောင်းမိုးရန်နိုင်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ ၂၀၁၈ ဧပြီ ၂၇ ရက်မှာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆(ခ)/၂၂ နဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။



က္က