သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး နဲ့ ကျော်ဇောဟန်(ခ) ကျော်ဇော တို့ လာခဲ့တာဖြစ်ပါတယ်။

အောင်ရဲထွေး အသတ်ခံရတဲ့ အမှုရုပ်သိမ်းမှုကြောင့် လွတ်မြောက်ခဲ့သည့် စွပ်စွဲခံသူ ၃ ဦးကို ရန်ကုန်တိုင်းတရားလွှတ်တော်မှာ သမ္မာန်စာပေးပို့ခဲ့ရာ ဒီနေ့မှာ ၃ ဦးစလုံး လာရောက်သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။







သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့ အမှုမှာ ပါဝင်တဲ့ တရားခံလို့ယူဆရတဲ့သူတွေကို အမှုရုပ်သိမ်းပြန်လွှတ်ပေးပြီးနောက် ရန်ကုန်တိုင်းတရားလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့ကစွဲချက်ပြန်တင်ထားပြီး ပဆင့်ခေါ်မှုတွေပြုလုပ်ထားပါတယ်။



ဇူလိုင် ၂၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးကနေ ချမှတ်လိုက်တဲ့အမိန့်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြပြီး ငွေကြေးတစ်စုံတစ်ရာ ပေးမှုကြောင့်ဖြစ်တယ်လို့ ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။



အဲ့ဒီအမှုနဲ့ ပါတ်သတ်ပြီး သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၅/၂၀၁၈ အမှုဖွင့်စစ်ဆေးခဲ့ပြီးတော့ အသက် ၂၆ နှစ်အရွယ် သန်းထွဋ်အောင်(ခ)သားကြီး၊ အသက် ၂၆ နှစ်အရွယ်ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ အသက် ၂၈ နှစ်အရွယ်ကျော်ဇောဟန်(ခ) ကျော်ဇော ကို တရားခံအဖြစ်နဲ့ ဖမ်းဆီးရာ ကနေပြန်လွှတ်ပေးလိုက်တာပါ။



၂၀၁၇ ဒီဇင်ဘာလတုန်းက သရုပ်ဆောင်အောင်ရဲထွေး က The One Entertainment Park မှာလူတစ်စုရဲ့ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က