အရင်အမှုတွဲအတိုင်း ဆက်လက်စစ်ဆေးသွားမှာပါ။

အောင်ရဲထွေး သေဆုံးမှာ ပါဝင်သူ ၃ ဦး လျှောက်လဲချက် ကြားနာမယ့် ရက်ကို ၃ ပတ်အလိုမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဖေ့ဘုတ်စာမျက်နှာနဲ့ ရုံးရှေ့ ကြော်ငြာသင်ပုန်းမှာ ကြေညာမယ်လို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သတင်းနှင့် ပြန်ကြားရေးအရာရှိ တရားရေးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောပါတယ်။


38600479_916927195172032_7956214237649436672_n.png 

“အမှုတွဲ ရောက်ပြီ။ လျှောက်ထားခံရသူတွေ သတင်းလာပို့တယ်။ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတင်တဲ့အခါကျတော့ လျှောက်လဲချက်ကြားနာမယ့်ရက်ကို ၃ ပတ်မတိုင်ခင်ကြေညာမယ်။ ဥပဒေသဘောတရားအရဆိုရင်တော့ အရင်ပုဒ်မနဲ့ ပဲဆက်သွားမယ်။ အရင်အမှုတွဲမှာ အာမခံပေးထားလား မပေးထားလားဆိုတာ အဓိက။ အရင်အမှုတွဲမှာ အာမခံမပေးထားရင်တော့ ဘယ်ပေးမလဲ။” လို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သတင်းနှင့် ပြန်ကြားရေးအရာရှိ တရားရေးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးကဆိုပါတယ်။

အောင်ရဲထွေး သေဆုံးမှုမှာ အမှုရုပ်သိမ်းပြီး ပြန်လွှတ်ထားသူ သန်းထွဋ်အောင် (ခေါ်) သားကြီး၊ ကျော်ဇောဟန် (ခေါ်) ကျော်ဇော၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး တို့ကို ရန်ကုန်တိုင်းတရားလွှတ်တော်က သမ္မာန်စာပေးပို့ထားရာ ဒီနေ့ သြဂုတ်လ ၇ ရက်နေ့မှာ ၃ ဦးစလုံး တိုင်းတရားလွှတ်တော်ကို သတင်းလာပို့ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့ အမှုမှာ ပါဝင်တဲ့ တရားခံလို့ယူဆရသူတွေကို အမှုရုပ်သိမ်းပြန်လွှတ်ပေးပြီးနောက် ရန်ကုန်တိုင်းတရားလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့က စွဲချက်ပြန်တင်ပြီး ဆင့်ခေါ်မှုတွေပြုလုပ်ထားပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးကနေ အောင်ရဲထွေးသေဆုံးမှုမှာ ပါဝင်တဲ့သူတွေကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့မှုကို လူမှုကွန်ရက်မှာ ဝေဖန်နေကြပြီး ငွေကြေးတစ်စုံတစ်ရာ ပေးမှုကြောင့်လို့ ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

သရုပ်ဆောင်အောင်ရဲထွေး ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက The One Entertainment Park မှာလူအုပ်စု တစ်စုရဲ့ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က