ပိုက်ဆံရှိရင် လူသတ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်တယ်ဆိုပြီးလူမှုကွန်ရက်မှာဝေဖန်နေကြပါတယ်။

ဟာသသရုပ်ဆောင်အောင်ရဲထွေးကို သတ်တဲ့တရားခံတွေကို အမှုကနေ လွှတ်တယ်ဆိုပြီးတော့ ဇူလိုင် ၂၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာကြောင့့် တရားဥပဒေစိုးမိုးရေးအပေါ်ကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။

 

အောင်ရဲထွေးရိုက်နှက်ခံရပြီးသေဆုံးမှုနဲ့ပါတ်သတ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုတာကြောင့် ဖမ်းဆီးထားသူ အမျိုးသားသုံးဦးကို အမှုကနေပြန်လွှတ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုနဲ့ ပါတ်သတ်ပြီး သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၅/၂၀၁၈ အမှုဖွင့်စစ်ဆေးခဲ့ပြီးတော့ အသက် ၂၆ နှစ်အရွယ် သန်းထွဋ်အောင်(ခ)သားကြီး၊ အသက် ၂၆ နှစ်အရွယ်ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ အသက် ၂၈ နှစ်အရွယ်ကျော်ဇောဟန်(ခ) ကျော်ဇော ကို တရားခံအဖြစ်နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့လည်း အဲ့လိုလွတ်တယ်ဆိုတာ အခုမှ ကြားမိတယ်။ မိသားစုမဟုတ်ပေမယ့် ကျွန်တော်ကလိုက်ကူညီပေးတယ်။ ကျွန်တော့်အနေနဲ့ကလည်း နှစ်ဖက်စလုံးနဲ့ ခင်နေတယ်။ ဒါပေမယ့် ဒီလို တစ်တိုင်းပြည်လုံးသိနေတဲ့ လူသတ်မှုတစ်ခုကြီးကို အခုလို ကွင်းလုံးကျွတ်လွတ်တာကို နည်းနည်းအံ့သြမိတယ်။ တစ်ဖက်နဲ့ တစ်ဖက်က လွတ်ဖို့ကို ညှိနှိုင်းကြပေမယ့်လို့ ဒီလိုလူသတ်မှုကို လွှတ်တာကြီကတော့ ဥပဒေစိုးမိုးရေးနဲ့ ပါတ်သတ်ပြီး ခွန်းထုတ်စရာဖြစ်နေတယ်"လို့အောင်ရဲထွေးသေဆုံးတဲ့ အမှုမှာ လိုက်ပါကူညီပေးခဲ့တဲ့ ကိုရိုရှန်ကဓူဝံကို ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးထားတဲ့ သန်းထွဋ်အောင်အပါအဝင်သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားရုံးအမှုအမှတ် ၃၄ / ၂၀၁၈ နဲ့ တရားစွဲဆိုတင်ပို့ခဲ့ပြီး ကြားနာစစ်ဆေးခဲ့ပြီးတော့ ရန်ုကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ဇူလိုင် ၆ ရက်နေ့ နေ့စွဲနဲ့ ပေးပို့လာတဲ့ စာအရ အမှုကို ရုပ်သိမ်းခွင့်ပြုတယ်ဆိုပြီးပြန်ကြားလာပြီးတော့ အမှုစစ်တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က) အရ အမှုကို ရုပ်သိမ်းခွင့်ပြုပြီး အမှုကနေ ပြန်လွှတ်တယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

"ကျေနပ်လို့ အမှုငြိမ်းတယ်ဆိုတိုင်းအမှုက မပြီးဘူး။ ကာယကံရှင်ဘက်ကကျေအေးပေမယ့် နိုင်ငံတော်က တရားလိုဖြစ်တဲ့အတွက် အစိုးရကရုပ်သိမ်းမှရတယ်။ အကြောင်းပြချက်တွေပေးရတယ်။ ဥပဒေအရာရှိက ရုပ်သိမ်းခွင့်တင်ရတယ်။ ဥပဒေအရာရှိက ရုပ်သိမ်းခွင့်တင်တာကို ပေးသင့်မပေးသင့်က တရားရုံးက စဉ်းစားရတယ်။ တစ်ဖက် နစ်နာတဲ့သူက ဆက်မဆောင်ရွက်ချင်တာကို တင်ပြတဲ့အခါ နိုင်ငံအတွက် နစ်နာတယ်။ နမူူနာကြီးဖြစ်မယ်ထင်ရင် ရုပ်သိမ်းခွင့့်အပြည့်မပေးတာတွေရှိပါတယ်။ ဒါကတော့ ရုပ်သိမ်းခွင့်ကို တင်ပေးလိုက်တဲ့သဘောပါပဲ။"လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

၂၀၁၇ ဒီဇင်ဘာလတုန်းက သရုပ်ဆောင်အောင်ရဲထွေး က The One Entertainment Park မှာလူတစ်စုရဲ့ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာပါ။

Share

Loading Next Article...
က္က