နောက်တစ်ပတ်ရုံးချိန်းမှာ ဆောင်ရွက်သွားမှာပါ။
Ei Ei Htun

အောင်ကြီးအတွက် အာမခံလျှောက်ထားမှု လျှောက်လွှာကို တရားရုံးကလက်ခဲ့ပြီး အာမခံနဲ့ပတ်သက်လို့ နောက်တစ်ကြိမ်ရုံးချိန်းမှာ တင်ပြဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ 

နေပြည်တော်က ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး သံသယတရားခံလို့ ယူဆထားတဲ့ ကိုအောင်ကြီးအတွက် အာမခံရရှိဖို့ကို ကိုအောင်ကြီးရဲ့ရှေ့နေတွေက ဒီကနေ့ စက်တင်ဘာလ(၂၄)ရက်နေ့ကပြုလုပ်ခဲ့တဲ့ (၇)ကြိမ်မြောက်ရုံးချိန်းမှာ အာမခံလျှောက်ထားဖို့လျှောက်လွှာကိုတင်ခဲ့ပါတယ်။အောင်ကြီးအတွက် အာမခံလျှောက်ထားမှု လျှောက်လွှာကိုတော့ တရားရုံးကလက်ခံခဲ့တယ်လို့ အောင်ကြီးရဲ့ရှေ့နေက မီဒီယာတွေကိုပြောပါတယ်။



“ အာမခံလျှောက်ထားမှုအတွက် လျှောက်လွှာကိုတော့ တရားရုံးက ဒီနေ့လက်ခံခဲ့တယ်။ ကွန်တော်ကတင်လိုက်တယ်။ တစ်ဖက်ကိုလည်း မိတ္ထူပေးရတော့ ဥပဒေအရာရှိက ဒီကိစ္စကိုရှေ့ရုံးချိန်းကြမှ တင်ပြပါမယ်။ ပြီးတော့ ဒီလျှောက်လွှဲချက်အပေါ်မှာလည်း ဥပဒေအရာရှိက သူ့ရဲ့သဘောထားကို စာနဲ့လည်းရေးပါမယ်၊ နှုတ်နဲ့လည်းတြင်ပမယ်လို့ပြောတယ်။ အာမခံလျှောက်လွှာကိုတော့ ၄၉၂ အပိုဒ်(၇)နဲ့လျှောက်တာပါ” လို့ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အာမခံလျှောက်ထားမှုမှာတော့ ဥပဒေနဲ့ အညီ မျှော်လင့်ချက်ရှိပြီး အခုချိန်မှာတော့ အခြေအနေကိုပြောလို့မရသေးဘူးလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ ပြီးခဲ့တဲ့ (၆)ကြိမ်မြောက်ရုံးချိန်းက ဗစ်တိုးရီးယားကို စစ်ဆေးခဲ့တာဖြစ်ပြီး ဗစ်တိုးရီးယားရဲ့ ထွက်ဆိုချက်တွေကြောင့်လည်း အောင်ကြီးအတွက်အခုလို အာမခံလျှောက်ထားတာလည်းဖြစ်ပါတယ်။ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး (၈)ကြိမ်မြောက်ရုံးချိန်းကိုတော့ အောက်တိုဘာလ(၉)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး Wisdom Hills မူကြိုကျောင်းက ယာဉ်မောင်းတွေကို စစ်သွားမှာဖြစ်ပါတယ်။ အချိန်ရရင်တော့ Hard Disk မပါလို့ဆိုပြီး ပြန်လွှတ်လိုက်ရတဲ့ ကိုရန်နောင်ဌေးတို့ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့ပြုလုပ်တဲ့ (၇)ကြိမ်မြောက်ရုံးချိန်းမှာတော့ သက်သေအဖြစ်ပါဝင်ခဲ့တဲ့ ရာအိမ်မှူး(၃)ဦးကို စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။ 


က္က