နေပြည်တော် ပတ္တာနယ်မြေရဲစခန်းမှာ အမှုဖွင့်တာပါ။
Ei Ei Htun

ပြီးခဲ့တဲ့ ဗစ်တိုးရီးယားဖခင်ကိုစစ်မေးတဲ့ရုံးချိန်းမှာကလေးအဖေက သူ့သမီးကို ဓါတ်ပုံ ခြောက်ပုံပြ ပြီးမေးတော့ဗစ်တိုးရီးယားလေးကဘယ်လိုပြောတယ်ဆိုတာ သူ့အဖေရဲ့ထွက်ဆိုချက်ကို ရုံးချိန်းအပြီးမှာဒေါ်စုဒါလီအောင်က မီဒီယာတွေကိုဖြေလိုက်တာနဲ့ပတ်သက်ပြီး အခုလိုတရားစွဲတာဖြစ်တယ်လို့ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံအဖြစ်တရားစွဲခံထားရသည့် ကိုအောင်ကြီး၏ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းအုပ်ချုပ်ရေးမှူးဒေါ်ဥမ္မာလှိုင်က ယနေ့နံနက်တွင် ပုဒ်မ(၂)ခုဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

နေပြည်တော် ပတ္တာနယ်မြေရဲစခန်းတွင် ဒေါ်စုဒါလီအောင်ကို ကိုကိုနှင့်ညီညီတို့၏ မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်ဥပဒေဆိုင်ရာ ပုဒ်မ ၁၀၁အပါအဝင်နိုင်လွတ်လုံဥပဒေတို့ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ဥပဒေရုံးမှ ကလေးသူကယ်ဥပဒေပုဒ်မ ၁၀၁နှင့်သာဖြေရှင်းရန်လိုအပ်မည်ဟု သတ်မှတ်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က Duwun ကိုပြောပါတယ်။

"အခုစွဲတဲ့အမှုက အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်လို့ ရုံးကအာမခံပေးမှာပါ။သူက ပြီးခဲ့တဲ့ ဗစ်တိုးရီးယားဖခင်ကိုစစ်မေးတဲ့ရုံးချိန်းမှာကလေးအဖေက သူ့သမီးကို ဓါတ်ပုံ ခြောက်ပုံပြ ပြီးမေးတော့ဗစ်တိုးရီးယားလေးကဘယ်လိုပြောတယ်ဆိုတာ သူ့အဖေရဲ့ထွက်ဆိုချက်ကိုရုံးချိန်းအပြီးမှာဒေါ်စုဒါလီက မီဒီယာတွေကိုဖြေလိုက်တယ်ပေါ့။ရုံးမှာပေါ်ပေါက်ထားတဲ့အချက်တွေအနေနဲ့ ပြောတာဖြစ်ပါတယ်။ကျွန်တော်နဲ့နှစ်ယောက်အတူပြောတာပါ"ဟု ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

အခု Wisdom Hill ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏တရားစွဲဆိုမှုအပေါ် ဦးခင်မောင်ဇော်က "ကျွန်တော့်ကိုတော့ တရားစွဲဖို့အစီစဉ်မရှိဘူးထင်ပါတယ်။ဒါပေမယ့်စွဲရင်လည်းပျော်တာပေါ့ဗျာ"လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။ ရှေ့နေ ဒေါ်စုဒါလီအောင် အနေနဲ့ကလည်း အခုလိုတရားဆွဲဆိုခံရပေမယ့် ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့လဲ ဒေါ်စုဒါလီအောင်က ပြောပါတယ်။ 


က္က