ကနဦးစီမံချက်အချစ် ပြည်သူ့ဆေးရုံကြီးတစ်ခုမှာ စမ်းသပ်အသုံးပြုမှာပါ။

လူနာတွေကို ကုသရာမှာ အောက်ဆီဂျင် ပမာဏပါဝင်မှု ပိုများတဲ့ Liquid Oxygen ကို ပြည်သူ့ဆေးရုံကြီးတွေမှာ အသုံးပြုနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo- Ministry of Health And Sports



Liquid Oxygen ကို ပြည်သူ့ဆေးရုံကြီးတွေမှာ အသုံးပြုနိုင်ဖို့အတွက် ဂျပန်နိုင်ငံ Kitajima Co.,Ltd မှ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ဇန်နဝါရီလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါ ဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ဆေးရုံတွေမှာ အောက်ဆီဂျင်အသုံးပြုမှု အခြေအနေ၊ လက်ရှိအောက်ဆီဂျင် ပေးပို့သုံးစွဲတဲ့စနစ်၊ Liquid oxygen ကို နိုင်ငံတကာမှာ အသုံးပြုမှုအခြေအနေတွေကို ဆန်းစစ်ပြီး Liquid oxygen ကို ဝန်ကြီးဌာနရှိ ဆေးရုံတစ်ခုမှာ ကနဦး စမ်းသပ်အသုံးပြုမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက အဆိုပါ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ JICA အဖွဲ့အစည်းအနဲ့ Kitajima Senso Co.,Ltd တို့ ပူးပေါင်းကာ “မြို့ကြီးများမှ ဝေးကွာသော နေရာဒေသများတွင် ဆေးကုသမှု၌ အသုံးပြုသည့် အောက်ဆီဂျင် ရရှိစေနိုင်မည့် အစီအစဉ်နှင့် နည်းလမ်းရှာဖွေခြင်း” အတွက် စစ်တမ်းကောက်ယူနေပြီး သန်လျင်၊ ပဲခူး၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဟင်္သာတ ပြည်သူ့ဆေးရုံများကို လစဉ် အောက်ဆီဂျင်အိုး (၁၀၀၀) ကို အခမဲ့ ပေးပို့နေရာ Liquid Oxygen မှ ပြောင်းလဲထားတဲ့ အောက်ဆီဂျင်ကို အသုံးပြုနေတယ်လို့လည်း Kitajima Senso Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ Mr. Bradley Shelley က ပြောပါတယ်။

Liquid Oxygen ဟာအောက်ဆီဂျင်ပါဝင်မှု ရာခိုင်နှုန်းပိုမိုများပြားခြင်း၊ ပိုက်မှတစ်ဆင့် လူနာဆောင်တွေကို ပေးပို့တာကြောင့် အောက်ဆီဂျင်အိုးတွေထက် အသုံးပြုရ ပိုမိုလွယ်ကူအဆင်ပြေခြင်း၊ ရေရှည်မှာ ငွေကုန်ကြေးကျသက်သာခြင်း၊ စနစ်တကျ ထိန်းသိမ်းမယ်ဆိုရင် အန္တရာယ်နည်းပါးတယ်လို့လည်း သိရပါတယ်။

လက်ရှိတော့ ဂျပန်နိုင်ငံမှ Kitajima Co.,Ltd က မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်တဲ့ ဆေးကုသရာမှာ အသုံးပြုတဲ့ အောက်ဆီဂျင်ဖြည့်စက်ရုံ (Medical Oxygen Filling Factory) ကို တည်ဆောက်ထားပြီး ဖြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က