ဒေသတချို့မှာ မိုးကြီးနိုင်ပါတယ်။
Ei Ei Htun

အောက်တိုဘာလ(၂၀)ရက်နေ့ထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းမြဲအောက်လျော့ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာတော့ ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။ 

မိုးအကုန်ဆောင်းဦးကာလရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းကို တရုတ်ပြည်မကြီးမှလေအေးတွေတိုးဝင်လာလျှက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းကဆုတ်ခွာသွားတဲ့ မုတ်သုံလေနဲ့ လေအေးတွေထိတွေ့ပြီး မြန်မာနိုင်ငံမှာအတွင်းမှာ နေရာဒေသအလိုက် အောက်တိုဘာလ တတိယပတ်လောက်ထိ မိုးရွာနိုင်သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။

“ အခုဆိုရင် တရုတ်ပြည်ဘက်က လေအေးတွေကလည်း မြန်မာနိုင်ငံကို တိုးဝင်လာနေပြီဆိုတော့လေ မုတ်သုံလေနဲ့ လေအေးတွေထိတွေ့တဲ့အခါမှာ လျှပ်စီးလက်ခြင်းနဲ့ မိုးထစ်ချုန်းရွာခြင်းတွေဖြစ်နိုင်တယ်။အခု ဒုတိယ(၁၀)ရက်အပတ်ထုတ်ပြန်ထားချက်မှာဆိုရင် အောက်တိုဘာ(၁၁)ရက်နေ့ကနေ (၂၀)ရက်နေ့အထိတော့ မြန်မာနိုင်ငံအတွင်းမှာ နေရာဒေသအလိုက်တော့မိုးရွာနိုင်သေးတယ်” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

photo- မိုးဇလ

အောက်တိုဘာလ(၁၁)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ တိမ်ထူထပ်နိုင်တယ်လို့လည်း ဒေါ်ခင်ချိုချိုရှိန်ကပြောပါတယ်။

က္က