ကြေးဆင်တုတော် ရှေးဟောင်းဘုရားများခိုးယူခံရတာပါ။
Ei Ei Htun

ခိုးယူခံရတဲ့ ဘုရားနှစ်ဆူမှာ တစ်ဆူက ကိုယ်လုံးတော်ပါအခိုးခံရတာဖြစ်ပြီး တစ်ဆူက ဦးခေါင်းတော်ဖြတ်ပြီး အခိုးခံရတာ ဖြစ်ပါတယ်။ ဒီဘုရားတွေဟာ ရတနာပုံခေတ်ကတည်းက ရှေးဟောင်းဘုရားတွေဖြစ်ပြီး နန်းမတော်မယ်နုကိုယ်တိုင်လှူခဲ့တဲ့ ဘုရားတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

photo- Ya Naung

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ မကျီးကုန်းရပ်ကွက်ရှိ ကိုးသိန်းတောင်ဘုရားမှာ ပူဇော်ထားတဲ့ ကြေးဆင်းတုတော် (၃)ဆူအနက် (၂)ဆူကို ခေါင်းဖြတ်ခိုးယူခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးထံမှ သိရပါတယ်။သြဂုတ်လ(၂၁)ရက်နေ့က ညပိုင်းက ခိုးယူခံခဲ့ရတာလည်းဖြစ်ပါတယ်။

“ ခိုးခံရတဲ့နေ့ ည (၁၂)နာရီလောက်ထိ ဂေါပကအဖွဲ့နဲ့ ကျောင်းထိုင်ဆရာတော်တို့က ဘုရားတွေထားတဲ့ အဆောက်အဦးထဲကို ဓာတ်မီးထိုးကြည့်တဲ့အထိ ရှိသေးတယ်ပြောတယ်။ နောက်နေ့ မနက်အစောပိုင်းကြည့်တော့ ဘုရားတွေကမရှိတော့ဘူး။ သိသိချင်းပဲ ကျောင်းတိုင်ဆရာတော်က ဂေါပကအဖွဲ့ကိုဖုန်းဆက်အကြောင်းကြားတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဂေါပကအဖွဲ့တွေရောက်လာပြီးကြည့်တော့ ဘုရားတွေက ခေါင်းဖြတ်ခံထားရတယ်။ သက်ဆိုင်ရာတွေကိုဖုန်းဆက်အကြောင်းကြားပြီး ရဲစခန်းမှာ အမှု ဖွင့်တယ်။ ရဲစခန်းကလည်း တာဝန်ရှိသူတွေလာရောက်စစ်ဆေးသွားပြီးတော့ တရားခံကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်” လို့ အောင်လံမြို့ဒေသခံ စာရေးဆရာတစ်ဦးဖြစ်တဲ့ ကိုညီမှူးအိမ်က Duwun ကိုပြောပါတယ်။

photo- Ya Naung

ခိုးယူခံရတဲ့ ဘုရားနှစ်ဆူမှာ တစ်ဆူက ကိုယ်လုံးတော်ပါအခိုးခံရတာဖြစ်ပြီး တစ်ဆူက ဦးခေါင်းတော်ဖြတ်ပြီး အခိုးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဘုရားတွေဟာ ရတနာပုံခေတ်ကတည်းက ရှေးဟောင်းဘုရားတွေဖြစ်ပြီး နန်းမတော်မယ်နုကိုယ်တိုင်လှူခဲ့တဲ့ ဘုရားတွေဖြစ်တယ်လို့ ကိုညီမှူးအိမ်ကပြောပါတယ်။ လက်ရှိမှာတော့ ဘုရားခိုးယူမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ရာဇသတ်ကြီးဥပဒေပုဒ်မ(၂၉၅/၃၈၀)နဲ့ အမှုဖွင့်ကာ တရားခံကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 


က္က