ပြင်သစ်ကနေချေးမှာပါ။
လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ စက်ရုံ ၅ ရုံကို စက်အစိတ်အပိုင်းတွေအစားထိုးတာတွေ ပြင်ဆင်တာတွေလုပ်ဖို့အတွက် ယူရို ၃၅.၇ သန်းချေးယူခွင့်ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။

Photo - Pyidaungsu Hluttaw



ဒီနေ့ မေလ ၁၆ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်ကိုယ်စားလှယ်တေ ဆွေးနွေးခဲ့တဲ့အပေါ်မှာ ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်တွင်း စက်ခလုတ်သုံး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၄၆ မဲ၊ ကန့်ကွက် မဲ ၇မဲ၊ ကြားနေမဲ မရှိနဲ့ လွှတ်တော်က သဘောတူခဲ့တာဖြစ်ပါတယ်။

Photo - WiKi

အဲဒီချေးငွေကို ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကနေ ချေးယူမှာဖြစ်ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲနွယ်၊ မုန်းချောင်း၊ ကင်းတား၊ ဇောင်းတူ၊ သဖန်းဆိပ်စတဲ့ ရေအားလျှပ်စစ်စက်ရုံတွေကို အကြီးစားပြုပြင်မှုတွေပြုလုပ်မှာ ဖြစ်ပါတယ်။

"ပစ္စည်းတွေ နိုင်ငံတကာအဆင့်မှီအရည်အသွေးရှိရေး၊ လုပ်ငန်းတွေ ချောမွေ့စွာဆောင်ရွက်ရေး၊ နည်းပညာတွေလွဲပြောင်းရယူနိုင်ဖို့ အတွက်အတိုင်ပင်ခံအဖွဲ့ကိုငှားရမ်းပြီးဆောင်ရွက်မှာဖြစ်ပါတယ်။"လို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်မှာရှင်းလင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံ ၂၈ ရုံရှိပြီး အခုပြုပြင်ဆောင်ရွက်မယ့် ရေအားလျှပ်စစ်စက်ရုံတွေဟာ ပြုပြင်မှုမလုပ်တာဟာ ၁၀ နှစ်ကနေ နှစ် ၃၀ အထိ ကာလကြာခဲ့ပြီလို့လည်း သိရပါတယ်။ အခု ရေအားလျှပ်စစ်စက်ရုံ ၅ ရုံကို အကြီးစားပြင်ဆင်သွားဖို့ ဝန်ကြီးဌာနက ဧပြီ ၃၀ရက်ကတည်းက လွှတ်တော်မှာ တင်ပြတောင်းခံခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က