စာသင်ခြင်းသက်သက်ကို ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဘော်ဒါဆောင်ပိုင်ရှင်တွေအနေနဲ့မဖြစ်မနေ ကျောင်းဖွင့်ချင်ပါက ကျောင်းမှာ ကျောင်းသူ ကျောင်းသားအဆောင်တွေမထားဘဲ စာသင်ခြင်းသက်သက် လုပ်ဆောင်မယ်ဆိုရင် ဖွင့်လှစ်ခွင့်ရှိတယ်လို့ အခြေ ခံပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

"ကိုဗစ်ကော်မတီက ထုတ်ထားတဲ့ ညွှန်ကြားချက်ဆိုရင် စည်ပင်ကခွင့်ပြုလည်း ဘယ်ကျောင်းမှဖွင့်မရပါဘူး။ အဲဒီတော့ ဘော်ဒါဆောင် ရှိတဲ့ကျောင်းတွေက ဘော်ဒါမထားနဲ့၊။ ဘော်ဒါမပါရင် ဖွင့်ခွင့်ပေးထားပြီးသားဖြစ်တယ်လို့ နဂိုတုန်းကလည်း ပြောထားပြီးသား။အစိုးရ ကျောင်းလိုပေါ့ ကျောင်းသားအဆောင်တွေမပါဘူး" လို့ ဆိုပါတယ်။ 



ကိုဗစ်ကာကွယ်တားဆီး ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက နေပြည်တော်ကောင်စီ အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဘော်ဒါဆောင်ထားရှိဖွင့်လှစ်နေတဲ့ ပုဂ္ဂလိကအထက်တန်းကျောင်းတွေဘော်ဒါဆောင်တွေနဲ့ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းတွေကို လုံးဝ ဖွင့်လှစ်ခွင့်မပြုဘူးလို့ ဇူလိုင် ၁၄ ရက်နေ့ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။

ကျောင်းတွေအနေနဲ့ ကော်ဗစ်ကော်မတီက ထုတ်ပြန်တဲ့ ညွှန်ကြားစာကို ဆန့်ကျင့်ပြီး ဖွင့်ခွင့်မရှိဘူးလို့ သိရပါတယ်။ လတ်တလောမှာတော့ အဲဒီညွှန်ကြားစာဟာ အခြေခံပညာဦးစီးဌာန ဆီကို တရားဝင်ရောက်ရှိလာခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။  COVID-19 ကပ်ရောဂါကာလမှာ ကျောင်းစာသင်ခန်းတစ်ခန်းမှာ ကျောင်းသား ၂၀ ဦး သာ သင်ကြားခွင့် ပြုမှာဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က