လက်ရှိမှာ ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်ခွင့်ပြုထားတာပါ။

ကမ္ဘာ့အခြေအနေကို သုံးသပ်ချက်တွေအရ ဘော်ဒါဆောင်တွေမျိုးအနေအထားကို လုံခြုံတယ်လို့ မယူဆနိုင်သေးတာကြောင့် လောလောဆယ်မှာ ဖွင့်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

“ လက်ရှိ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေအရ ကိုယ်ပိုင်ကျောင်းတွေရဲ့ ကဏ္ဍက တန်ဖိုးရှိပါတယ်။ ဒါကြောင့် ဒီကျောင်းတွေ အဆင်ပြေရေးကို ကျွန်မတို့ အလေးထားပါတယ်။ ဘော်ဒါဆောင်နဲ့ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်ပေးရေးကတော့ လောလောဆယ်မဖြစ်သေးပါဘူး။ ကျောင်းသားတွေ၊ မိဘတွေကတော့ ဖွင့်စေချင်ကြပါတယ်။ Quarantine လောက်ကို ဘော်ဒါဆောင်တွေက စိတ်ချရပါတယ်လို့ ယူဆချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ ကမ္ဘာ့အခြေအနေ သုံးသပ်လိုက်တော့ ဘော်ဒါဆောင်တွေမျိုးအနေအထားကို လုံခြုံတယ်လို့ မယူဆနိုင်သေးတာ တွေ့ရပါတယ်” ဆိုပြီး အတိုင်ပင်ခံက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာရေးသားထားတာပါ။



ဇူလိုင် ၂၁ ရက်မှာ ပြန်လည်ဖွင့်လှစ်သည့် အခြေခံပညာအထက်တန်းကျောင်းတစ်ခုကိုတွေ့ရစဉ်။

ဒါ့အပြင် ကိုယ်ပိုင်ကျောင်းတွေကနေ အစိုးရကျောင်းတွေကို ပြောင်းချင်တဲ့ ကျောင်းသားကျောင်းသူတွေလည်း ရှိလာပြီး ပြောင်းရွှေ့လာသူတွေ အားလုံးကို ဝမ်းသာစွာလက်ခံမယ်လို့ ဆိုပါတယ်။ကမ္ဘာ့ ပညာရေးအဆင့်မြင့်ဆုံးနိုင်ငံအချို့မှာလို မြန်မာနိုင်ငံမှာလည်း အစိုးရ ကျောင်းတွေက အကောင်းဆုံးပညာသင်ပေးနိုင်တဲ့အခြေအနေကို ရောက်စေချင်တယ်လို့ အတိုင်ပင်ခံက ပြောပါတယ်။

လက်ရှိမှာ ကျန်းမာရေးအဆင့်မီတာကို တွေ့ရတာနဲ့ အမျှ ကျောင်းတွေ တိုးဖွင့်ခွင့်ပေးနေရာ ပြန်လည်ဖွင့်လှစ်ခွင့်ပေးပြီးကျောင်းတွေထဲမှာ ကိုယ်ပိုင်ကျောင်း ၇၆၄ ကျောင်းပါဝင်တယ်လို့ အတိုင်ပင်ခံကဆိုပါတယ်။ ပြန်လည်ဖွင့်လှစ်ခွင့်မရတဲ့ ဘော်ဒါဆောင်တွေ၊ ဘော်ဒါဆောင်တွေနဲ့အတူ တွဲဖွင့်ထားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ အနေနဲ့ကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်ဖွင့်ခွင့်ရနိုင်ရေးကို ကိုဗစ်ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ကို တင်ပြတောင်းဆိုသွားဖို့လည်း ရှိနေပါတယ်။

“ အပြင်မှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေတောင် ပြန်ဖွင့်ခွင့်ပေးနေတာပဲ။ ကျွန်တော်တို့ ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင်ကျောင်းတွေကလည်း သူတို့သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေအတိုင်းလိုက်နာမှာပါ။ ဒါကြောင့် ပြန်ဖွင့်ခွင့်ရဖို့ အခု ဇူလိုင်လကုန်လောက်မှာ တင်ပြတောင်းဆိုဖို့ ရှိပါတယ်” လို့ ပုဂ္ဂလိက ပညာရေးကဏ္ဍဖွံဖြိုးမှု ကွန်ရက်မှ ဦးအောင်စိုးမိုးက Duwun ကိုပြောပါတယ်။

ဘော်ဒါဆောင်တွေ၊ ဘော်ဒါဆောင်တွေနဲ့ အတူ တွဲဖွင့်ထားတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်မပေးဘူးလို့ ဇူလိုင် ၁၄ ရက်က ကိုဗစ်-၁၉ ထိန်းချုပ်ရေးဗဟိုကော်မတီက ကြေညာထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က