မြန်မာနိုင်ငံသားဆိုတဲ့ သတင်းမှားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့မှာ မြန်မာနိုင်ငံသားဟုဆိုသူ Elias Abulkalaam Jamaledden ကိုလူသတ်မှု၊ ခိုးယူမှုနှင့် အဓမ္မကျင့်မှုတွေနဲ့ စွဲချက်တင်ကွပ်မျက်ခဲ့တယ်ဆိုတဲ့ သတင်းကို နိုင်ငံတကာမီဒီယာတွေမှာ သြဂုတ်လ ၈ ရက်နေ့က ဖော်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကစုံစမ်းစစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသားမဟုတ်ကြောင်းတွေ့ရပါတယ်။



Photo - Asia News

 

အဲ့ဒီသတင်းကို  အရှေ့အလယ်ပိုင်းအခြေစိုက် New York Times ရဲ့ သြဂုတ်လ ၈ ရက်နေ့မှာပါရှိတဲ့ သတင်းကို ကိုးကားပြီး AP အင်တာနက်သတင်းတွင် ဖော်ပြခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မြန်မာသံရုံးသို့ ကိုတရားဝင်အကြောင်းကြားမလာတဲ့အပြင် ဆော်ဒီအာရေဗျ အစိုးရ၏ အင်္ဂလိပ်သတင်းစာများတွင်လည်း ဖော်ပြခြင်း မရှိဘူးလို့သိရပါတယ်။

ရီယာဒ်မြို့၊ မြန်မာသံရုံးကို စစ်ဆေးခဲ့ရာမှာ မြန်မာသံရုံးမှာလည်း မှတ်ပုံတင်ထားတဲ့  ဆော်ဒီအာရေဗျနိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံသားများ စာရင်းတွင်လည်း ပါဝင်ခြင်း မရှိဘူလို့ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီနာမည်နဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးထားတာလည်းမရှိဘူးလို့သိရပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ရောက်ရှိနေကြတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားအချို့ကို (Special Document) နေထိုင်ခွင့်ကတ်ပြားတွေကို ထုတ်ပေးထားတာကြောင့် အဲ့ဒီလူတွေက အခွင့်အရေး တစ်စုံတစ်ရာ မျှော်ကိုးပြီး နိုင်ငံသားနေရာမှာ အာရပ်ဘာသာနဲ့ Burmese ဆိုပြီး ရေးလေ့ရှိတာကြောင့် ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ဆော်ဒီနိုင်ငံ မြန်မာသံရုံးကသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က