ရန်ကုန်က (၁၀)ဦးပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွင်း COVID 19 အတည်ပြုလူနာတွေထဲက ရောဂါပျောက်ကင်းသူ (၁၆)ဦးထိရှိပြီး အဆိုပါ (၁၆)ဦးလုံးကိုတော့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ကာ သက်ဆိုင်ရာနေရာတွေမှာဆက်လက်ပြီး အသွားအလာကန့်သန်စောင့်ကြည့် ထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ည (၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရောဂါပျောက်ကင်းသွားတဲ့ လူနာ နံပါတ်တွေကတော့ (၃) ၊ (၄) ၊ (၆) ၊ (၇)၊ (၉) ၊ (၁၀)၊ (၁၁)၊ (၁၂)၊ (၁၅)၊ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၄)၊ (၂၅)၊ (၂၇)နဲ့ (၂၉)တို့ပဲ ဖြစ်ပါတယ်။ ရောဂါပျောက်ကင်းသူ(၁၆)ဦးထဲမှာ (၆)ဦးက မနေ့ကထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဒီနေ့မှာ ဆေးရုးက ဆင်းခွင့်ရှိခဲ့တာဖြစ်ပါတယ်။ ကနဦးရောဂါပျောက်ကင်းခဲ့သူ လူနာ(၁၀)ဦးကတော့ ဆေးရုံက ဆင်းခွင့်ရရှိထားပြီး အသွားအလာကန့်သတ်ဆက်လက်စောင့်ကြည့်ခံထားရဆဲဖြစ်ပါတယ်။ 



“ အခု (၁၆)ယောက်က အားလုံး (၂)ကြီမ်ဆီ negativeပြထားတဲ့သူတွေ။ ဆေးရုံကတော့ အားလုံးဆင်းခွင့်ရထားသူတွေပါ။ ဒါပေမယ့် တချို့ကတော့ နေအိမ်မှာ Quarantine မခံယူဘဲ ဆေးရုံမှာပဲ ဆက်ပြီး Hospital Quarantine ဆက်နေနေတာတွေရှိပါတယ်" လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

အခုရောဂါပျောက်ကင်းသူ (၁၆)ဦးထဲမှာ ရန်ကုန်က (၁၀)ဦး၊ မန္တလေးက (၁)ဦး၊ နေပြည်တော်က (၁)ဦး၊ မွန်ပြည်နယ်က (၁)ဦး ၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းက (၂)ဦးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့က (၁)ဦးတို့ဖြစ်ပါတယ်။ ဒီကနေ့ ည (၈)နာရီမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အတည်ပြု လူနာ (၃)ဦးထပ်တိုးခဲ့ပြီး (၃)ဦးလုံးက ရန်ကုန်တိုင်းဒေသကြီးအတွင်းကဖြစ်ပါတယ်။ 

ထပ်တိုးလူနာ (၃)ဦးမှာ တာမွေမြို့နယ်က (၄၃)နှစ်အရွယ် အမျိုးသား(၁)ဦး၊ တောင်ဥက္ကလာပမြို့နယ်က (၁၉)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ (၁၅)နှစ်အရွယ်အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။ လူနာ (၃)ဦးလုံးက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိထားတာကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေပါ။ လက်ရှိမြန်မာနိုင်ငံမှာတော့ အတည်ပြူလူနာ (၁၄၉)ဦးရှိကာ ရောဂါပျောက်ကင်းသူ (၁၆)ဦးနဲ့ သေဆုံးသူ (၅)ဦးရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က