မိသားစုလိုက်ရောဂါကူးစက်ခံခဲ့ရတာပါ။
Ei Ei Htun

ရန်ကုန်က ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ အလုပ်လုပ်တဲ့ မိခင်ဆီကနေတစ်ဆင့် ကူးစက်ခံခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် မိသားစုထဲက လက်ရှိအနေအထားအရ (၈)နှစ်သမီးလေးက အသက်အငယ်ဆုံး ရောဂါပျောက်ကင်းသူဖြစ်လာခဲ့ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ COVID 19 ရောဂါပျောက်ကင်းသူ (၁၆)ဦးထိရှိနေပြီး (၁၆)ဦးထဲမှာ ပေါက်ခေါင်းက မိသားစုထဲက မိခင်၊ သမီးဖြစ်သူနဲ့ တူမတို့က ရောဂါပျောက်ကင်းသွားပြီဖြစ်ပါတယ်။ (၁၀)နှစ်အရွယ် သားကတော့ ဝေဘာဂီဆေးရုံမှာပဲ ဆက်လက် ဆေးကုသမှုခံယူနေပြီး ခင်ပွန်းဖြစ်သူကတော့ ပြည်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ 

“ အခု (၁၆)ယောက်က အားလုံး (၂)ကြီမ်ဆီ negativeပြထားတဲ့သူတွေ။ ဆေးရုံကတော့ အားလုံးဆင်းခွင့်ရထားသူတွေပါ။ ဒါပေမယ့် တချို့ကတော့ နေအိမ်မှာ Quarantine မခံယူဘဲ ဆေးရုံမှာပဲ ဆက်ပြီး Hospital Quarantine ဆက်နေနေတာတွေရှိပါတယ်" လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူတွေအနေနဲ့က အိမ်မှာပဲ Quarantine ဆက်နေရမှာဖြစ်ပြီး အခုဆိုရင် ရောဂါပျောက်ကင်းသူ (၁၆)ဦးထဲမှာ (၉)ဦးက ဆေးရုံကဆင်းသွားပြီဖြစ်ကာ ကျန်တဲ့ (၇)ဦးကတော့ ဆေးရုံမှာပဲ Hospital Quarantineခံယူနေတယ်လို့ သိရပါတယ်။

ရောဂါပျောက်ကင်းသူ (၁၆)ဦးမှာ ရန်ကုန်က (၁၀)ဦး၊ မန္တလေးက (၁)ဦး၊ နေပြည်တော်က (၁)ဦး၊ မွန်ပြည်နယ်က (၁)ဦး ၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းက (၂)ဦးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့က (၁)ဦးတို့ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က