မကြာခင်မှာ ဆေးရုံကဆင်းခွင့်ရတော့မှာပါ။

ပြည်ဆေးရုံကြီးက မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်က ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် negative ပြခဲ့တာကြောင့် ဆေးရုံကဆင်းခွင့်ရတော့မှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်မှာ ရောဂါပျောက်ကင်းသူစာရင်းမှာ ဆရာမကြီးလည်းပါဝင်ခဲ့တာပါ။



ဆရာမကြီးက ဆေးရုံကဆင်းခွင့်ရပြီးနောက် Quarantine (၂)ပတ်ဆက်နေသွားရမှာဖြစ်ပြီး သူ့ရဲ့ သွေးရည်ကြည်နဲ့ COVID ပြင်းထန်လူနာတွေကို ပြန်လည်ကုသနိုင်အောင်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ 

“အခုလို ရောဂါပျောက်ကင်းသွားပြီဆိုတော့ ကောင်းတယ်လို့ပြောရမှာပါ။ ဆေးရုံကဆင်းခွင့်ရရင်လည်း Quarantine နှစ်ပတ်ဆက်နေပါမယ်။ ဘယ်မှာ Quarantine ဝင်ဖြစ်မယ်ဆိုတာတော့မသိရသေးပါဘူး။ပြီးရင်လည်း ကျွန်မရဲ့သွေးရည်ကြည်ကိုပြန်လှူခဲ့မှာပါ။အခုကျန်းမာရေးဌာနကနေ ရောဂါပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး COVID ပြင်းထန်လူနာတွေကိုကုသဖို့အစီအစဉ်လုပ်နေတယ်ဆိုတော့ ကျွန်မာကတော့ သွေးရည်ကြည်ကိုပြန်လှူခဲ့မှာ" လို့ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က Duwun ကိုပြောပါတယ်။ 

ကနဦးပိုင်းမှာ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်ရဲ့ ရောဂါလက္ခဏာက negative ပြလိုက် positive ပန်ပြလိုက်နဲ့ မတည်ငြိမ်ခဲ့ပါဘူး။ ဒီကနေ့မှာတော့ negative နှစ်ကြိမ်ပြခဲ့တာကြောင့် ရောဂါပျောက်ကင်းသူဖြစ်လာခဲ့ပါပြီ။ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က ပေါက်ခေါင်းက အတည်ပြုလူနာကို ကုသပေးနေရင်း ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး လူနာကုသရင်းကူးစက်ခံခဲ့ရတဲ့ ပထမဆုံးကျန်းမာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ 

ရောဂါကူးစက်ခံရပြီးနောက် ဆေးရုံမှာ (၁)ကျော်ကြာကုသမှုခံယူခဲ့ရပြီး ယခုအခါမှာ ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၈၀)ဦးရှိပြီး ရောဂါပျောက်ကင်းသူ (၇၄)ဦးထိရှိပြီးသေဆုံးသူကတော့ (၆)ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က