မန္တလေးတိုင်းဒေသကြီးအစိုးရက အမိန့်ထုတ်ပြန်ခဲ့တာပါ။
Thin Nu Swe

မန္တလေးတိုင်းဒေသကြီး ပြင်ပ ရောဂါပိုးတွေ့ရှိမှုများတဲ့ဒေသတွေမှာ သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူတွေအနေနဲ့ Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက်စုစုပေါင်း ၂၈ရက် မဖြစ်မနေနေပေးရမယ်ဆိုတဲ့အမိန့် ကြော်ငြာစာတစ်စောင် မန္တလေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒေသအစိုးရညွှန်ကြားချက်နဲ့မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကထုတ်ပြန်ခဲ့တာဖြစ်ပြီး အမိန့်အရ  ဧပြီ၂၂ရက်ကစပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်။

"အဓိကက Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်နိုင်ဖို့ပါ။ ဘယ်သူမဆို အရေးတကြီးကိစ္စမရှိဘဲ ခရီးသွားလာတာမရှိစေဖို့မနေ့ကစလို့ ညွှန်ကြားစာအတိုင်းဆောင်ရွက်နေကြ တာပါ" လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က Duwun ရဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ညွှန်ကြားစာအရ ရောဂါပိုးတွေ့ရှိမှုများတဲ့ဒေသတွေကနေ ပြန်ရောက်လာသူတွေကိုတော့ အထူးဦးစားပေးစောင့်ကြည့်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး

ရောဂါပိုးတွေ့ရှိခြင်းမရှိတဲ့ဒေသတွေက ပြန်လာသူတွေအနေနဲ့လည်း စစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။ လိုအပ်ရင်တော့ Quarantine ပြုလုပ် ရမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါညွှန်ကြားစာမှာ ရောဂါပိုးတွေ့ရှိခြင်းမရှိတဲ့ဒေသတွေမှာ သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါက တာ၀န်ရှိသူတွေရဲ့စစ်ဆေးမှုခံယူရမှာပြီး လိုအပ်မှသာ Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက်လုပ်ပေးရမှာဖြစ်ကြောင်း၊ မိသားစုအလိုက်ပြန်လည် ရောက်ရှိလာသူဖြစ်ခဲ့ပါက နေအိမ်အလွတ် ဒါမှမဟုတ် သီးသန့်နေရာတစ်ခုခုမှာ Quarantine လုပ်လိုပါက သတ်မှတ် ရက်အတိုင်းခွင့်ပြုပေးဖို့၊ Hotel Quarantine လုပ်လိုရင် ခွင့်ပြုပေးဖို့နဲ့ မိသားစုအလိုက်မဟုတ်ဘဲ တစ်ဦးချင်းပြန်လာတာမျိုးဖြစ်ရင် သတ်မှတ်နေရာမှာ Facility Quarantine ခံယူဖို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းဒေသကြီး ၇ မြို့နယ်အပါအ၀င် ချင်းပြည်နယ်မှာဆိုရင်ကလေးနဲ့တီးတိန်မြို့၊ ရှမ်းပြည် နယ်တောင်ပိုင်းမှာ တောင်ကြီးမြို့၊ မြောက်ပိုင်းမှာ ကျောက်မဲနဲ့လားရှိုးမြို့၊ အရှေ့ပိုင်းမှာကျိုင်းတုံမြို့၊ မွန်ပြည်နယ်မှာမော်လမြိုင်မြို့ မကွေးတိုင်းဒေသကြီးမှာမကွေးမြို့ အစရှိတဲ့မြို့တွေမှာ Covid-19 ရောဂါအတည်ပြုလူနာတွေတွေ့ရှိခဲ့ပြီး ဒီကနေ့အထိ အတည်ပြုလူ နာ ၁၂၇ ဦးအထိရှိနေပြီဖြစ်ကာ သေဆုံးလူနာက ၅ ဦး၊ ဆေးရုံကနေဆင်းခွင့်ရတဲ့သူက ၉ ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနသတင်းထုတ်ပြန်မှုအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က