loading...

loading...

loading...

နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လူမှုကွန်ရက်ကတဆင့် ကြေညာထားပါတယ်။
Mi Thawdar Aung

ရောဂါပိုးတွေ့ရှိသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်သွားခဲ့တဲ့ တီးတိန်မြို့နယ်က ရွာကို Lock Down လုပ်သွားမည့်အပြင် ဒါမှမဟုတ် Community Quarantine စတင်ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လူမှုကွန်ရက်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။

 အဆိုပါ အမျိုးသားနဲ့ ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားသွားမှာဖြစ်ပြီး ဓာတ်ပုံရိုက်သွားတဲ့ ကလေးမြို့က ဓာတ်ပုံဆိုင်အပါအဝင် သွားခဲ့တဲ့နေရာတွေက မိသားစုဝင်တွေကို Home Quarantine လုပ်နေပြီလို့ ပြောပါတယ်။

ဒါ့အပြင် တီးတန်မြို့ကနေ အလန့်တကြားနဲ့ စစ်ကိုင်းဘက်ကို ဆင်းလာတာတွေလည်း ရှိတာကြောင့် ကန့်သတ်ထားပြီး ကလေး-တီးတိန်မြို့ကိုလည်း အဝင်အထွက်ကန့်သတ်သွားမယ်လို့ ကြေညာထားပါတယ်။

စစ်ကိုင်းတိုင်းအဝင် တံတားကြီးမှာ ကျန်းမာရေးစစ်ဆေးပြီး ထူးခြားပါက အသွားအလာကန့်သတ်မယ့်အပြင် ပြည်တော်ပြန်တွေကိုလည်း နေအိမ်မှာ၁၄ ရက် အသွားအလာကန့်သတ်မယ်လို့ သိရပါတယ်။

ထိန်းချုပ်ရေးအဆင့်ဆင့်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေကလည်း ထိတွေ့သူတွေကို ရှာဖွေပြီး ထိန်းချုပ်နိုင်သမျှ ထိန်းချုပ်နေတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဒါ့အပြင် ထိတွေ့ခဲ့တယ်လို့ သံသယရှိသူတွေအနေနဲ့ ကျန်းမာရေးဌာနကို တာဝန်သိစိတ်နဲ့ ကိုယ်တိုင်သွားစစ်ကြဖို့ကိုလည်း ဦးဇော်ဌေးက တိုက်တွန်းထားပါတယ်။

အမေရိကန်နိုင်ငံကနေ မတ်လ ၁၃ ရက်က မြန်မာနိုင်ငံကို လေကြောင်းခရီးနဲ့ ပြန်လာတဲ့ ချင်းပြည်နယ် ၊ တီးတိန်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံက Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ်မှာ ရောဂါပိုး Positive တွေ့ရှိခဲ့ပြီး မတ်လ ၂၂ ရက်က အင်္ဂလန်နိုင်ငံက ပြန်လာတဲ့အသက် (၂၆) အရွယ် မြန်မာအမျိုးသားမှာ ရောဂါပိုး Positive တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးှနှင့်အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်တီးတိန်မြို့က အမျိုးသားကိုတော့ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်ကုသနေပြီး အင်္ဂလန်နိုင်ငံက ပြန်လာတဲ့အမျိုးသားကိုတော့ လက်ရှိဝေဘာဂီဆေးရုံမှာ စောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်။


loading...

က္က