တစ်နေရာရာမှာသေဆုံးခဲ့ပြီး လမ်းဘေးမှာ စွန့်ပစ်ထားတာလို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် လှော်ကားလမ်းဘေးမှာ သေဆုံးနေတဲ့ အလောင်း (၃) လောင်းမှာ စစ်ဆေးချက်အရ အလုံပိတ်ယာဉ် (သို့မဟုတ်) ယာဉ်နောက်ဖုံးအတွင်းမှာ ထည့်သယ်လာတာကြောင့် လေမွန်းကြပ်သေုံးတဲ့ လက္ခာဏာရှိနေပြီး လူမှောင်ခိုကူးခံရသူတွေ ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo- ရဲဇာနည်

သေဆုံးခဲ့သူတွေမှာ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ သေဆုံးနေတာကြောင့် ရဲတပ်ဖွဲ့က အင်းစိန် ပြည်သူ့ဆေးရုံကို ပို့ဆောင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကနဦး စစ်ဆေးချက်အရ အစာအိမ်မှာ အစာမစာရှိဘဲ အဆုတ်လေမွန်းကြပ် သေဆုံးခဲ့ပြီး ဦးခေါင်းပိုင်းနဲ့ ခန္ဓာကိုယ်တို့မှာ သေစေလောက်တဲ့ ပြင်ပထိုးသွင်းဒဏ်ရာတွေ မရှိခဲ့ဘူးလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းအနီးမှာလည်း မစားရသေးတဲ့ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတဲ့ ထမင်းထုတ် ၃ ထုပ်နဲ့ အလောင်းတွေပေါ်မှာ သဲတွေ ကပ်နေတာကို တွေ့ရှိရတာကြောင့် တစ်နေရာရာမှာ သေဆုံးခဲ့ပြီး သဲတင်ကားနဲ့ တင်ဆောင်ကာ လမ်းဘေးမှာ လာရောက်စွန့်ပစ်ထားတာ ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လက်ရှိတော့ သေဆုံးသူတွေမှာ ဘယ်သူဘယ်ဝါမှန်းအသေးစိတ် မသိရသေးဘဲ အမှုကို ထောက်ကြန့် နယ်မြေရဲစခန်းမှာ ဥပဒေနဲ့ အညီ အမှုဖွင့်ကွင်းဆက်စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။ သေဆုံးခဲ့တဲ့ အသက် ၂၀ အရွယ် အလောင်း ၃ လောင်းကို ဇူလိုင်လ ၁၃ ရက် မနက် ၈ နာရီခွဲလောက်က ထောက်ကြန့် လှော်ကားလမ်းမ လှော်ကားသဘာ၀ ဘေးမဲ့တောအတွင်းမှာ တွေ့ရှိခဲ့တာပါ။ သေဆုံးသူတွေမှာ အိန္ဒိယနွယ်ဖွားတွေ ဖြစ်ပြီး အသက်ရှုကြပ်ပြီး သေဆုံးခဲ့ပုံ ပေါ်တယ်လို့ ကနဦးဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က