ယာဉ်မောင်းနဲ့ သက်ဆိုင်ခြင်းမရှိဘဲ မူလပိုင်ရှင်ကို အရေးယူမယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနတံဆိပ်ပါ ကားအတွင်းမှ သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို သြဂုတ်လ ၅ ရက်က နြပေည်တော် ဘောဂသီရိကားဝင်းထဲက ကားဝပ်ရှော့တစ်ခုမှာ သိမ်းဆည်းရမိခဲ့တယ်လို့ ပျဉ်းမနားမြို့မရဲစခန်းကနေ သိရပါတယ်။

အဆိုပါ မော်တော်ယာဉ်ကို မောင်းနှင်လာတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ယာဉ်မောင်းက ကားက ဆီအနည်းငယ်သာ ထည့်လို့ရတာကြောင့်  ဘောဂသီရိကားဝင်းထဲက ကားဝပ်ရှော့တစ်ခုကို လာရောက်ပြသတဲ့အခါမှာ ဝပ်ရှော့က ဆီတိုင်ကီကို ဖြုတ်စစ်လိုက်ရာ ဆီတိုင်ကီကို အကန့် နှစ်ခုခွဲထားပြီး တစ်ကန့်မှာ မူးယစ်ဆေးဝါးတွေ ထည့်ထားတာဖြစ်တယ်လို့သိရပါတယ်။

အခုဖမ်းဆီးရမိခဲ့တဲ့ မော်တော်ယာဉ်မှာ ၂၀၁၈ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးမှုနဲ့ ကွတ်ခိုင်ရဲစခန်းမှာ လိုင်စင်မဲ့ယာဉ်အဖြစ် သိမ်းဆည်းထားခဲ့တဲ့ ကားဖြစ်ပြီး မူလပိုင်ရှင်ကို အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ ပျဉ်းမနားမြို့မရဲစခန်းမှ ဒုရဲအုပ် သက်ခိုင်ဦးက Duwun ကိုပြောပါတယ်။

“ ဒါက ဝန်ကြီးဌာနယာဉ်မောင်းနဲ့မဆိုင်ပါဘူး။ ဒီကားက ကွတ်ခိုင်စခန်းကသိမ်းထားတဲ့ကား ။ ECG ကိုအပ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွဲှပေးထားတာ။  မနေ့က ကားဆီတိုင်ကီက ဆီထည့်ရတာ နည်နည်းဘဲဝင်လို့ ဝပ်ရှော့မှာဆီတိုင်ကီဖြုတ်စစ်တော့ တိုင်ကီထဲမှာ အကန့်၂ကန့်လုပ်ထားပြီး မူးယစ်ဆေးဝါးတွေကိုထည့်ထားတာ” လို့ ဒုရဲအုပ်သက်ခိုင်ဦးက ပြောပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုကို ပျဉ်းမနားမြို့မရဲစခန်းကနေ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ (၁၉) က နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

အခု မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တဲ့ ယာဉ်မှာ ၂၀၁၈ ခုနှစ်က ကွတ်ခိုင်ရဲစခန်းကနေ လိုင်စင်မဲ့မော်တော်ယာဉ်အဖြစ်  သိမ်းဆည်းခဲ့ပြီးနောက် ဘဏ္ဍာသိမ်းမော်တော်ယာဉ် ဖြစ်ပြီး  လွန်ခဲ့တဲ့ ၅ ရက်ခန့်ကမှ ဆောက်လုပ်ရေး ဝန်ကြီးဌာန ကို ထုတ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က